DVB Logo
Home
မြန်မာသတင်း
သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက NUG ငွေတိုက်စာချုပ် ကန်ဒေါ်လာ ၇၀၀ ဖိုးဝယ်
DVB
·
February 3, 2022
သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက NUG ငွေတိုက်စာချုပ် ကန်ဒေါ်လာ ၇၀၀ ဖိုးဝယ်
1 / 3
Donate to DVB

မန္တလေးမြို့က ထင်ရှားတဲ့ သပိတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါက်တာ တေဇာဆန်း က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ ငွေတိုက်စာချုပ် အမေရိကန် ဒေါ်လာ ၇၀၀ ဖိုး ဝယ်ယူခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်ကတော့ ဒါရောဆို NUG ငွေတိုက်စာချုပ်ကို ၃ ခါ ဝယ်ပြီးပြီဗျို့။ အရင် ၂ ခါက တော့ ဒေါ်လာတစ်ရာတန်တွေ။ အခုဟာကတော့ မိတ်ဆွေတစ်ဦးကနေ ဝယ်ပေးတာ၊ ဒေါ် လာ ၅၀၀ ဖိုး။ အခု NUG ငွေတိုက်စာချုပ်‌တွေက ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀၊ ၅၀၀၀ တန် ဆိုပြီး အစားစား ရှိပါတယ်။ ဒီလိုလေး လုပ်ပေးထားတော့ ကျနော်တို့လို လူလတ်တန်း စားနဲ့ သာမန်ပြည်သူအများလည်း ဝယ်ယူနိုင်ကြတာပေါ့ဗျာ။”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန က အထူးငွေတိုက်စာချုပ်တွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က စတင်ကာ ရောင်းချနေတာဖြစ်ပါတယ်။

အခုလို အထူးငွေတိုက်စာချုပ်တွေကို တော်လှန်ရေးအစိုးရတရပ်က အတိုးမဲ့ ထုတ်ဝေ ရောင်းချတာဟာ ကမ္ဘာ့သမိုင်းမှာတော့ ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေ စီစနစ်ကို လိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံ တော်လှန်ခဲ့တဲ့ သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ ဆိုပါ တယ်။

ဒေါက်တာ တေဇာဆန်းက “ကျနော်တို့ မြင်လိုတဲ့ အောင်ပွဲကို အမြန်ဆုံးရရှိဖို့က အရင်း အမြစ်များ (Resources) ကို လိုတဲ့အချိန်မှာ လိုတဲ့နေရာကို လိုသလောက် ပံ့ပိုးထောက်ပံ့ ပေးနိုင်ဖို့က အသက်ပါပဲ။ အဲ့ဒီ အရင်းအမြစ် ပစ္စည်းပစ္စယများ အားလုံးကို ဖန်တီးပေး နိုင်ဖို့က ချုပ်ပြောရရင် “ဘဏ္ဍာရန်ပုံငွေ” (Budget) က ပဓာနပါပဲ။ ငွေရှိရင် ယခုလိုနေ တာ အားလုံးနီးပါးကို ဖန်တီးပေးနိုင်ပါတယ်။ ဘဏ္ဍာရန်ပုံငွေသာ အလုံအလောက် ရှိရင် ယ ခုကြုံတွေ့နေရတဲ့ အခက်အခဲ လိုအပ်ချက် အများစုကို ဖြေရှင်းပေးနိုင်မယ်လို့ ကျနော်တို့ ကောင်းကောင်း နားလည်ထားပါတယ်။ ကျနော်ကတော့ NUG ငွေတိုက်စာချုပ်တွေ နောက်ထပ် ထပ်ဝယ်နိုင်ဖို့လည်း ဆက်ကြိုးစားနေတယ်ဗျို့။ ကိုယ့်လူတွေလည်း နိုင်သလောက် ဝယ်ကြစေချင်တယ်ဗျာ။”လို့ ပြောပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကို မြန်မာပြည်သူတရပ်လုံးက ဆန့် ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးဟာ ၁ နှစ်ကျော်လာခဲ့ပြီဖြစ်ကာ အားလုံးက ကျရာနေရာကနေ တတပ်တအားနဲ့ ပါဝင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013