DVB Logo
Home
မြန်မာသတင်း
နို့ဖိုးဒုက္ခသည်စခန်းတွင် ကျန်းမာရေးဝန်ထမ်းများ အလုပ်မဆင်းဘဲ ဆန္ဒပြ
DVB
·
February 10, 2014
နို့ဖိုးဒုက္ခသည်စခန်းတွင် ကျန်းမာရေးဝန်ထမ်းများ အလုပ်မဆင်းဘဲ ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံ တာ့ခရိုင် အုန်းဖျန်ခရိုင်ထဲက နို့ဖိုး ကရင်ဒုက္ခသည်စခန်းမှာ ကျန်း မာရေးဝန်ထမ်း ၁၀၀ ကျော် လုပ်ခလစာ တိုးမြှင့်ရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။

DSC_0006 copyနို့ဖိုးဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ထမ်းတွေဟာ သူတို့ကို လုပ်ခလစာ ဘတ်ငွေ တထောင် တိုးပေးဖို့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက အလုပ်မဆင်းဘဲ ဆန္ဒပြကြတာလို့ စခန်းအတွင်းရေးမှူး စောအယ်သနုတောက ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ Aide Medical International (AMI) အဖွဲ့ကို လစာ ၁၀၀၀ တိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် စခန်းတွင်းမှာရှိတဲ့ (AMI) ကျန်းမာရေးဝန်ထမ်းနဲ့ ဒေသတွင်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ်ခလစာ ကွာဟနေတဲ့အတွက် လစာကို ဘတ်ငွေ ၁၀၀၀ တိုးပေးဖို့ တောင်းဆိုရတာလို့ နိုဖိုး ဒုက္ခသည်စခန်းရဲ့ ဆေးရုံအုပ် ဆရာစောမင်းထွဋ်က ပြောပါတယ်။

လက်ရှိ စခန်းတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ တလကို ၁၅၀၀ ၀န်းကျင်သာ ရရှိကြတာလို့ ပြောပါတယ်။

လစာ ၁ ထောင်တိုးပေးဖို့ တောင်းဆိုတာကို AMI တာဝန်ရှိသူတွေက ငြင်းဆိုခဲ့တဲ့အတွက် ဆန္ဒပြခဲ့ကြတာလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ AMI တာဝန်ရှိသူတွေ၊ ဒုက္ခသည်စခန်း ကော်မတီတွေနဲ့ ကရင်ဒုက္ခသည်ကော်မတီ (KRC) ကတာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆွေးနွေးပေမယ့် ပြေလည်မှု မရရှိသေးတဲ့အတွက် ဆက်ပြီးဆန္ဒပြမယ်လို့ ဆရာ စောမင်းထွဋ်က ပြောပါတယ်။

ဆန္ဒပြမှုနဲ့ပတ်သက်ပြီး AMI ကို မေးကြည့်ရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တယ်လီဖုန်း ကနေ မီဒီယာကို ပြောဖို့ မရှိဘူးလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ အခုလို ဆန္ဒပြတဲ့အတွက်လည်း စခန်းတွင်းဆေးရုံမှာ လူနာတွေ အခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။ ဒါကို စခန်းတာဝန်ရှိသူတွေက ပြည်သူအတွက် ပြန်လည်စဉ်းစားဖို့ ဒီကနေ့ တောင်းဆိုတဲ့အတွက် မနက်ဖြန် ဆန္ဒပြလုပ်သားတွေ အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ထိုင်း-မြန်မာနယ်ခြားကူညီရေးအဖွဲ့ TBC ကနေပြီး ရိက္ခာ တချို့ လျှော့လိုက်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေဟာ အပိုဆောင်းငွေကို တောင်းဆိုခဲ့ပါတယ်။ ဒါကို AMI က သူတို့အခက်အခဲကြောင့် မပေးနိုင်ကြောင်း၊ ၂၀၁၄ မှာ လစာတိုးပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013