DVB Logo
Home
မြန်မာသတင်း
သက္ကလမြို့ အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
February 3, 2022
သက္ကလမြို့ အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း သက္ကလမြို့အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၂ ရက်နေ့မနက် ၆ နာရီကျော်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ကနေ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ နွေဦးတော်လှန်ရေး တစ်နှစ်တာ ကာလအတွင်းမှာ ပြည်သူနဲ့ တစ်သားတည်းရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ သက္ကလမြို့ အုပ်ချုပ်ရေးမှူးရုံးကို အဝေထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ KPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

KPDF က နောက်ထပ်ပစ်မှတ် ၂ ခုကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ဖို့ စီစဥ်ထားပေမယ့် စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက ဖြုတ်ယူသွားတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ဒီကနေ့ မနက်အစောပိုင်းက အုပ်ချုပ်ရေးမှူးရုံးဘက်မှာ ပေါက်ကွဲသံ အကျယ်ကြီးကြားရတယ်ဗျ။ လူတွေ ထိခိုက် ဒဏ်ရာရတယ်လို့တော့မကြားမိဘူး။ အဆောက်ဦတော့ နည်းနည်းပျက်စီးသွားလောက်တယ်။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ဖြတ်သွားတာတွေရပြီး လမ်းသွားလမ်းလား ကားတွေဆိုင်ကယ်တွေကို တနေကုန်စစ်ဆေးနေတယ်” လို့ သက္ကလမြို့ခံတစ်ယောက်ကပြောပါတယ်။

KPDF အနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး ပစ်မှတ်တွေ၊ သတင်းပေးတွေနဲ့ ပျူစောထီးတွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်ပြီး နွေဦးတော်လှန်ရေးအောင်မြင်တဲ့ အထိ ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013