DVB Logo
Home
မြန်မာသတင်း
ဝန်ကြီး ဦးအုန်းမြင့် အလိုမရှိ အောင်လံမြို့ခံများ ဆန္ဒပြ
DVB
·
February 10, 2014
ဝန်ကြီး ဦးအုန်းမြင့် အလိုမရှိ အောင်လံမြို့ခံများ ဆန္ဒပြ
Donate to DVB

ပြီးခဲ့တဲ့ ဇန်န၀ါရီလ၂၈ ရက်နေ့က မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာ ကောက် ကျေးရွာမှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် အောင်လံမြို့ခံ ၁ ထောင် နီးပါး ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

U Ohn Myint copyဒေသခံတွေက ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် အလိုမရှိ၊ ပြည်သူကို ပါးရိုက်ချင်တဲ့ ၀န်ကြီး အလိုမရှိ အစရှိတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး အောင်လံမြို့ တွင်း လှည့်လည် ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးမြင့်က ပြောပါတယ်။

ဒါ့အပြင် ပုဒ်မ ၁၈ အလိုမရှိ၊ ဒီမိုကရေစီဖွံ့ဖြိုးရေး ဒို့အရေး၊ ပါတီစုံစနစ် ဆန့်ကျင်သူ ဒို့ရန်သူ အစရှိတဲ့ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။

ဒီလို ဆန္ဒပြဖို့ ဖေဖော်ဝါရီ ၅ ရက်နေ့က သက်ဆိုင်ရာ ရဲစခန်းဆီ စာတင်ခဲ့ပေမယ့် ရဲစခန်းက ခွင့်မပြုခဲ့ပေမယ့် ဒေသခံတွေက ဆန္ဒပြခဲ့ကြတာလို့ ဦးအေးမြင့်က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့က သစ်ရာကောက် ကျေးရွာသားတွေနဲ့ တွေ့ဆုံစဉ်မှာ “ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျနော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ ထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲ ကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲ သွားနေ၊ ငါတို့အစိုးရ ထွက်ရင် မင်းထွက် ဒါပဲ” လို့ ပြောကြားခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြည်သူလူထုတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အမြန်ဆုံး အရေးယူမှုတွေ လုပ်ဆောင်ဖို့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ် လွှတ်တော်အမတ် ဦးအောင်စိုးက ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က အရေးကြီးအဆိုတရပ် တင်သွင်းခဲ့ပါတယ်။

ဒီအပေါ်မှာ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကတော့  ၀န်ကြီး ဦးအုန်းမြင့်ကို အရေးယူဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ လေ့လာသုံးသပ်နိုင်ရေးအတွက် လုံလောက်တဲ့ အချိန်ပေးဖို့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013