DVB Logo
Home
Lead Story
ဖွဲ့စည်းပုံပြင်ရေး တရားမျှတစွာ လုပ်မည်ဟု အန်အယ်လ်ဒ်ီနှင့် ၈၈ မျိုးဆက် ပူးတွဲကြေညာ
DVB
·
February 10, 2014
ဖွဲ့စည်းပုံပြင်ရေး တရားမျှတစွာ လုပ်မည်ဟု အန်အယ်လ်ဒ်ီနှင့် ၈၈ မျိုးဆက် ပူးတွဲကြေညာ
Donate to DVB

အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ခြေမပြတ်စေဘဲ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ငြိမ်းချမ်း၍ တရားမျှတသော နည်းလမ်းများဖြင့် ပူးတွဲဆောင်ရွက်သွားမယ်လို့ အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

unnamedကြေညာချက်ထဲမှာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကစတင်ပြီး ဒီနေ့အထိ စဉ်ဆက်မပြတ် လက်တွဲ ကြိုးပမ်းလှုပ်ရှားနေကြသည့် ဒီမိုကရေစီအင်အားစုတွေ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် အရေးကြီးတဲ့ အခုအသွင်ကူး ပြောင်းရေးကာလမှာ ပိုမိုပူးပေါင်းအဖြေရှာနိုင်ရေး အတွက် တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုတွေရဲ့ ရလဒ်အဖြစ် အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးဂျင်မီနဲ့ ဦးမြအေးတို့ ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေပိုင်းက နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် အခုလို ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013