DVB Logo
Home
မြန်မာသတင်း
တပြေးညီ အခွန်စည်းကြပ်ရန် လိုအပ်
DVB
·
February 10, 2014
တပြေးညီ အခွန်စည်းကြပ်ရန် လိုအပ်
Donate to DVB

ပြည်သူတွေကလည်း အခွန်တိတိကျကျ ပေးဖို့ လိုအပ်သလို နိုင်ငံတော်ကလည်း အခွန် ကောက်ခံတဲ့နေရာမှာ မျက်နှာမလိုက်ဖို့ လိုတယ်လို့ လွယ်ဟိန်းကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းစံထွန်းက ပြောပါတယ်။

တိကျ မှန်ကန်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အခွန်ကောက်ခံမှုစနစ်ကို ရောက်ဖို့ အတွက်လည်း အချိန် အတိုင်းတာတခုထိ လိုသေးတယ်လို့လည်း ဒေါက်တာစိုင်းဆမ်းထွန်းက ပြောပါတယ်။

[caption id="attachment_51471" align="alignright" width="300"]ဒေါက်တာ စိုင်းစံထွန်း ဒေါက်တာ စိုင်းစံထွန်း[/caption]

“အခွန်ဆောင် မရှိမဖြစ် ကိစ္စမှာ နိုင်ငံတော်အစိုးရဟာ စီးပွားရေးလုပ်ငန်းတွေလုပ်ပြီး ပိုက်ဆံရှာတာထက် ဒီအခွန်အကောက်ကနေ တိုင်းသူပြည်သားတွေရဲ့ လိုအပ်ချက်ကို လုပ်ပေးဖို့ လိုပါတယ်။ အခွန်ကောက်တာက အခုမှစပြီး ပြုပြင်ပြောင်းလဲမှု စလုပ်နေပါပြီ။ အနှစ် ၅၀ တံခါး ပိတ်ခဲ့တယ်။ နှစ် ၅၀ မှာ ဘယ်သူမှ ပီပီပြင်ပြင် တိတိကျကျ ဆောင်ခဲ့တာ မရှိဘူး။ အခုမှ နိုင်ငံတော်အစိုးရကလည်း တော်တော်လုပ်နေပါပြီ။ ဒါတွေက အချိန်အတိုင်းအတာ တခုတော့ လိုပါလိမ့်မယ်။ စင်ကာပူနိုင်ငံရဲ့ အခွန်ကောက်တဲ့စနစ်၊ အမေရိကန်ရဲ့ အခွန်ကောက်တဲ့စနစ် အင်မတန် တိကျမှန်ကန်ပါတယ်။ အခု ဆရာတို့ဆီမှာက ဆောင်တဲ့သူ ဆောင်တယ်၊ ရှောင်တဲ့သူက ရှောင်တယ်။ ဒီဟာ ၂ ခုကို နီးစပ်ဖို့အတွက် အခွန်ကတော့ နိုင်ငံတော်အစိုးရက ပီပီပြင်ပြင် တိတိကျကျ ကောက်ယူဖို့ လိုလာတယ်။ တိုင်းသူပြည်သားတွေကလည်း ပေးဖို့ တာဝန်ရှိတယ်။ အဆင့်ဆင့်ပေါ့၊ ၁ သိန်း ၂ သောင်းအထက်ရတဲ့ ၀န်ထမ်းဆို ဆောင်ရတော့မှာပေါ့။ ဒါတွေကို တိတိကျကျနဲ့ ပြည်သူဘက်ကလည်း ပေးဖို့လိုတယ်၊ နိုင်ငံတော်ဘက်ကလည်း တိတိကျကျ ဆောင်ရွက်ဖို့ လိုတယ်။”

၂၀၁၅ ဒီဇင်ဘာမှာ စတင်မယ့် အာဆီယံစီးပွားရေးအသိုက်အဝန်း ပေါ်ပေါက်လာရင် ပြည်တွင်းစီးပွားရေးလုပ်ရှင်တွေအနေနဲ့ အစိုးရ ပံ့ပိုးကူညီမှုမရရင် ရေရှည်ရပ်တည်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ဝန်ထမ်းတွေ အခွန်မဆောင်ကြတာဟာ နိုင်ငံတော် ဆုံးရှုံးမှုမဟုတ်ဘဲ ပြည်သူတွေအတွက် ဆုံးရှုံးမှု ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားဖူးပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တဲ့ ထိပ်တန်းဝင်ငွေခွန် ပေးဆောင်သူတွေ စာရင်းမှာ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး အများစု မပါဝင်ပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ လုပ်ငန်းကုမ္ပဏီတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာလည်း အခွန်အများဆုံးပေးဆောင်တဲ့ စာရင်းတွေမှာ မပါတာကို တွေ့ရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013