DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ဖွဲ့စည်းပုံပြင်ဖို့ ပထမဆုံး စုရုံးဆန္ဒပြ
DVB
·
February 9, 2014
မန္တလေးတွင် ဖွဲ့စည်းပုံပြင်ဖို့ ပထမဆုံး စုရုံးဆန္ဒပြ
Donate to DVB

မန္တလေးမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တရားဝင် ခွင့်ပြုမိန့်နဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် လူထောင်နဲ့ချီ စုရုံးဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_51458" align="alignright" width="300"]mdy csts ဓာတ်ပုံ- မွန်မွန်[/caption]

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ စုရုံးဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြခဲ့ကြပုံကို မြို့ခံ သတင်းအယ်ဒီတာ ကိုမင်းထက်ငြိမ်းချမ်း ပြောပါတယ်။

“အောင်မြေသာဇံမြို့နယ် မြေကွက်လပ်တခုပေါ်မှာ ၅၉ (စ) ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆန္ဒပြတာပါ။ အဓိကတော့ ပုဒ်မ ၁၈ ဖျက်သိမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဒီအတွက် ဆန္ဒဖော်ထုတ်တာ တွေ့ရပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ဦးဆောင်လုပ်တာပါ။ လမ်းလျှောက်စီတန်းလှည့်လည်ခွင့် မကျဘူးလို့ သိရပါတယ်။ စုရုံးခွင့်ပဲ ကျပါတယ်။ အဲဒီအတွက် ဆန္ဒဖော်ထုတ်လိုတဲ့ ပြည်သူလူထုရော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အများဆုံး လာစုရုံးတာတွေ့ရတယ်။ အဲဒီမှာ ကလေးအရွယ်ကနေ လူကြီးအထိ အကုန်လုံး တွေ့ရတယ်။ ဆိုင်းဘုတ်တွေ ကြွေးကြော်သံတွေကို ချိတ်ဆွဲထားတာတွေရှိတယ်။ လက်ထဲမှာလည်း ကိုင်ထားကြတယ်။ အားပါးတရ ကြွေးကြော်သံတွေ တိုင်ပေးကြတာတွေ့ ရတယ်။ အဓိကတော့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး အမြန်ဆောင်ရွက်ပေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အခြားကြွေးကြော်သံတွေ ကြွေးကြော်ပြီး စုရုံးဆန္ဒ ထုတ်ဖော်နေတာ တွေ့ရပါတယ်။”

ခွင့်ပြုချိန် အပြောင်းအလဲ လုပ်ခဲ့တာကြောင့် တခြားမြို့နယ်တွေက ပါတီဝင်တွေ အင်အားစုတွေ လာရောက်ပူးပေါင်း စုရုံးဆန္ဒပြခွင့် မရခဲ့ကြဘူးလို့လည်း ပြောပါတယ်။

ရန်ကုန်မြို့မှာ ဖွဲ့စည်းပုံပြင်ဖို့ စုရုံးဆန္ဒပြပွဲတွေ မကြာခဏ ပြုလုပ်ခဲ့ကြပေမယ့် မန္တလေးမြို့မှာတော့ အခုမှ ပထမဆုံး ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်းအတွင်း ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) မပြင်ဖို့ စုရုံးဆန္ဒပြပွဲတရပ် မန္တလေးမြို့မှာ ပြုလုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013