DVB Logo
Home
မြန်မာသတင်း
မြန်မာ - ဂျာမနီ အကြွေးလျော်ပေးမည့် သဘောတူ လက်မှတ်စာချုပ် ရေးထိုးမည်
DVB
·
February 9, 2014
မြန်မာ - ဂျာမနီ အကြွေးလျော်ပေးမည့် သဘောတူ လက်မှတ်စာချုပ် ရေးထိုးမည်
Donate to DVB

သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ ဂျာမနီ သမ္မတ ဂျိုဝါချင် ဂေါက်ခ်ဟာ ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရောက်ရှိ လာပါတယ်။

german_president_joachim_gauck_in_india_new_delhi_reuters_540_385_100ဂျာမနီသမ္မတ ဦးဆောင်ပြီး အစိုးရ၀န်ကြီး အဖွဲ့ဝင်တွေ၊ လွှတ်တော် အမတ်တွေနဲ့ စီးပွားရေးခေါင်းဆောင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်တယ်။ ဒီကနေ့ မနက်မှာ ရွှေတိဂုံ ဘုရားကို သွားရောက်မှာ ဖြစ်ပြီး မနက်ဖြန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ နေပြည်တော်ကို သွားရောက်မှာပါ။

ခရီးစဉ်အတွင်း ဂျာမနီသမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမယ့်အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အန်အယ်လ်ဒီပါတီရဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့က ဂျာမဏီသံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တက္ကသိုလ်မှာ ဂျာမနီသမ္မတ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဂျာမနီကို ပေးဖို့ရှိတဲ့ အကြွေးတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လျော်ပေးမယ့် သဘောတူ လက်မှတ်စာချုပ်တခု ရေးထိုးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်မယ့် အစီအစဉ် ရှိပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။ မြန်မာအပေါ် အီးယူ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေါ့ပေး ခဲ့ချိန်က စလို့၊ ဂျာမနီ နိုင်ငံဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီတွေ အများအပြား ပေးလာခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းကတော့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ဖူးသလို၊ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ အရာရှိတွေအပြင်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံသွားခဲ့ပါတယ်။ ဂျာမဏီသမ္မတဟာ မြန်မာနိုင်ငံကို မလာရောက်ခင် အိန္ဒိယ နိုင်ငံကိုလည်း သွားရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013