DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းတနှစ်ပြည့် နိုင်ငံတကာသံရုံးဖေ့စ်ဘွတ်ခ်စာမျက်နှာတချို့ ဝမ်းနည်းကြောင်း အနက်ရောင်ကာဗာပုံ ပြောင်းလဲ
DVB
·
February 1, 2022
စစ်အာဏာသိမ်းတနှစ်ပြည့် နိုင်ငံတကာသံရုံးဖေ့စ်ဘွတ်ခ်စာမျက်နှာတချို့ ဝမ်းနည်းကြောင်း အနက်ရောင်ကာဗာပုံ ပြောင်းလဲ
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းမှုခဲ့တဲ့ တနှစ်ပြည့်တဲ့နေ့မှာ နိုင်ငံတကာသံရုံးတချို့က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေပေါ် မြန်မာ ပြည်သူတွေနဲ့အတူ ဝမ်းနည်းကြောင်းအထိမ်းအမှတ် အနက်ရောင်ပရိုဖိုင်နဲ့ ကာဗာပုံတွေ ပြောင်းလဲခဲ့ကြတာကို တွေ့ရပါတယ်။

အဲဒီလိုပြောင်းလဲထားကြတဲ့ သံရုံးစာမျက်နှာတွေထဲမှာတော့ အမေရိကန်၊ ကနေဒါနိုင်ငံ တွေနဲ့အတူ ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ ယူကေ၊ ဖင်လန်၊ စပိန်၊ ဆွီဒင်၊ ဒိန်းမတ် စတဲ့ နိုင်ငံတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်း ဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာ သိမ်းယူလိုက် ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင် မီးထွန်းဆုတောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြခဲ့ကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှု တွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြဖို့ ကြေညာထားခဲ့ပြီး နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အ ကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက် အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၅၀၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံ ရသူပေါင်း ၁၁၈၃၈ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013