DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့တွင် အသံတိတ်သပိတ်နှင့်ပတ်သက်ပြီး အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ
DVB
·
January 31, 2022
ပုသိမ်မြို့တွင် အသံတိတ်သပိတ်နှင့်ပတ်သက်ပြီး အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်း ပုသိမ်မြို့ အသံတိတ်သပိတ်နဲ့ပတ်သက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ဦးအား အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီ ၃၀ ရက်​နေ့မှာ ပုဒ်မ ၅၀၅(က) နဲ့ မတရားဖမ်းဆီး အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်မြို့အမှတ်(၆) ရပ်ကွက် War War Facebook Acc ​ဒေါ်ဝါဝါလှိုင်နဲ့ အမှတ် ၄ ရပ်ကွက် Nyein Shwe Yatu Facebook Acc ​ဒေါ်ငြိမ်းအေးအောင်တို့အား ဖမ်းဆီးအမှုဖွင့်ခဲ့တာလို့ ပုသိမ်မြို့ခံတစ်ဦးက​ ပြောပါတယ်။

"အခု ပြည်သူက မကြိုက်တာသိသိနဲ့ သူတို့မတရားလုပ်တာ​လေ၊ လူမှုကွန်ရက်မှာ Silence Strike နဲ့ပတ်သက်ပြီး မတရားအမှုဖွင့်တာ​။” 

ဇန်နဝါရီ ၂၈၊ ၂၉ ရက်နေ့တွေမှာ ​ပုသိမ်မြို့က စျေးဆိုင်တွေကို အသံတိတ်သပိတ် (Silent Strike) မှာမပါဝင်ဖို့ စည်ပင်သာယာဝန်ထမ်းတွေက ဓာတ်ပုံရိုက်ပြီး လက်မှတ်ထိုးခိုင်း ဖိအား​ပေးနေတယ်လို့ ပုသိမ်မြို့ စည်ပင်သာယာဆိုင်ခန်းရှင်တွေ ​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့ နိုင်ငံတဝန်းပြုလုပ်ကြမယ့် အသံတိတ်သပိတ် မပါဝင်ဖို့ ပြည်သူတွေကို ဖိအား​ပေးနေတယ်လို့ ပုသိမ်မြို့ခံတွေဆီက သိရပါတယ်။

ပုသိမ်မြို့နယ်တွင်း ရပ်ကွက်၊ ကျေးရွာများအလိုက် ​ဖေ​ဖော်ဝါရီလ ၁ ရက်​နေ့ အသံပိတ် မပြုလုပ်ဖို့ ဇန်နဝါရီ ၂၅ ရက်ညက အသံချဲစက်တွေနဲ့ လမ်းတွေမှာ လိုက်လံ​ကြေညာနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013