DVB Logo
Home
မြန်မာသတင်း
အေဘီအက်စ်ဒီအက်ဖ် ကျဆုံးရဲဘော် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
DVB
·
February 8, 2014
အေဘီအက်စ်ဒီအက်ဖ် ကျဆုံးရဲဘော် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)က ၂၅ နှစ်မြောက် ငွေရတု အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီ သူရဲကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_51414" align="alignright" width="300"]ဒီမိုကရေစီ သူရဲကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပနေစဉ် ဒီမိုကရေစီ သူရဲကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပနေစဉ်[/caption]၁၉၈၈ ခုနှစ်ကနေ ယနေ့အချိန်အထိ ABSDF ရဲ့ ကျဆုံးရဲဘော် မိသားစုဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်တဲ့ အခမ်းအနားကို မြန်မာပြည်တွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီမိုကရေစီသူရဲကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ဗုဒ္ဓဘာသာ ထုံးထမ်းစဉ်လာအရ အာရုံဆွမ်းကပ်လှူခြင်း တရားတော်နာခြင်းများ ပြုလုပ်ခဲ့ပြီး ခရစ်ယာန်ဘာသာ ထုံးထမ်းစဉ်လာအရ အောက်မေ့သတိရ ၀တ်ပြုဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ကယားပြည်နယ်အတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၃၄ ဦးရဲ့ မိသားစုဝင် ၁၅၀ ကျော်တက်ရောက်ပြီး ဒီမိုကရေစီသူရဲကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ရယူခဲ့ပါတယ်။

အသက် ပေးဆပ်စွန့်လှူသွားတဲ့ ရဲဘော်တွေရဲ့ ရည်မှန်းချက် ပေါက်မြောက်အောင်မြင်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ အေဘီအက်စ်ဒီအက်ဖ်ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီ က ဆိုပါတယ်။

“ပေးဆပ်စွန့်လှူသွားတဲ့ ရဲဘော်တွေကတော့ ပေးစပ်သွားခဲ့ပေမယ့် သူတို့ ရည်မှန်းထားတဲ့ ရည်မှန်းချက်ကို မရောက်သေးတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ကတော့ ဒီရည်မှန်းချက်တွေ ရဲဘော်တွေရဲ့ အသက်သွေးချွေးနဲ့ ရင်းထားပြီး ဆောင်ရွက်ထားရတဲ့ လုပ်ငန်းစဉ်တွေနဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်တဲ့အထိကို ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိကိုလည်း မိဘပြည်သူတွေကိုလည်း ကတိပေးပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဒီပိုင်းဖြတ်မှုနဲ့အတူ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်ကို ပေါက်ရောက် အောင်မြင်အောင် ကျနော်တို့ ဆက်ပြီးတာဝန်ယူသွားမယ်လို့ ပိုင်းဖြတ်မှုတွေ ရခဲ့ပါတယ်။”

၂၅ နှစ်တာ ကာလအတွင်း ကျဆုံးရဲဘော် ၆၇၀ ကျော်ရှိတယ်လို့ အေဘီအက်စ်ဒီအက်ဖ်ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီ က ဆိုပါတယ်။ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ဖို့ ကျန်ရှိနေသေးတဲ့ ကျဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဒီမိုကရေစီ သူရဲကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားတွေကို အခြားဒေသတွေမှာလည်း ဆက်လက် ကျင်းပပြုလုပ်ဖို့ ရှိကြောင်း သိရှိရပါတယ်။

၁၉၈၈ ခုနှစ် သမိုင်းဝင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်အာဏာရှင်များက လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထောင်ပေါင်းများစွာတဲ့ တိုင်းရင်းသားပေါင်းစုံ ကျောင်းသားတွေ အလုပ်သမား လယ်သမားတွေနဲ့ လူငယ်တွေဟာ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုနယ်မြေအသီးသီးကို ထွက်ခွာလာခဲ့ကြပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (All Burma Students’ Democratic Front) ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013