DVB Logo
Home
မြန်မာသတင်း
ထားဝယ်နှင့်ရေဖြူ ကျေးရွာအုပ်စုများ၌ ၅ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွား
DVB
·
January 30, 2022
ထားဝယ်နှင့်ရေဖြူ ကျေးရွာအုပ်စုများ၌ ၅ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွား
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် နဲ့ ရေဖြူမြို့နယ်အကြားက ကျေးရွာတွေမှာ ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထားဝယ်မြို့နယ်ထဲက ရဲအိုင်ရွာ၊ ဟာမြင်းကြီးရွာ၊ ကုလားချောင်းရွာ၊ မြေးခန္တီးရွာနဲ့ ရေဖြူမြို့နယ်ထဲက ကလုံးထာရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဇန်နဝါရီလ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အများအပြားထိခိုက်သေဆုံးခဲ့ပြီး ကုလားချောင်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးတာကို အတည်ပြု ဖော်ပြထားပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်တစ်ဦး လက်မောင်းသေနတ်ထိမှန်ကာ အရိုးကြေဒဏ်ရာရပြီး နောက်ထပ် ရဲဘော် နှစ်ဦးလည်း အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၉ ရက်က စပြီး အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ထားဝယ်အရှေ့မြောက်ပိုင်းကို အင်အားအလုံးအရင်းနဲ့ ဒုတိယအကြိမ် စစ်ကြောင်းထိုးလာပြီး နယ်မြေရှင်းလင်းရေး စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက “အဲဒီရွာတွေက ရွာသားတွေကတော့ အခြားနီးစပ်တဲ့ ရွာတွေမှာ စစ်လာရှောင်နေရတယ်။ အရင်တကြိမ်က တရွာ နှစ်ရွာပဲ၊ ခုတကြိမ်က စစ်ရှောင်ရတဲ့ ရွာတွေများလာတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း ထားဝယ်မြို့နယ်က ခေါင်တိုင်ပြင်ရွာဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးစခန်းတခု အသိမ်းခံလိုက်ရပြီး ရွာသားတွေ စစ်ရှောင်နေရပါတယ်။

အဲဒီကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူတပ်စွဲထားတာကြောင့် ရွာသားတွေ နေရပ်ပြန်မရဘဲ စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးဘူးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013