
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲမှာ ဇန်နဝါရီ ၂၉ ရက် မနက် ၅ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ သိရပါတယ်။
အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) ရဲ့ ဦးဆောင်မှုနဲ့ PAFDတပ်ဖွဲ့ခွဲ DK PDF က မြင်းမူ ကမ္ဘောဇဘဏ်ကို သတိပေးတဲ့အနေနဲ့ မိုင်းခွဲခဲ့တာလို့ ဆိုပါတယ်။
ကမ္ဘောဇဘဏ်အနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခိုင်းသမျှလိုက်လျောပြီး KPay အကောင့်တွေကို ပိတ်တာနဲ့ပတ်သက်လို့ ကမ္ဘောဇဘဏ်ကို စစ်ကောင်စီထောက်တိုင်အဖြစ်သတ်မှတ်ကာ မြို့ပြပြောက်ကျားတပ်တွေနဲ့ ဒေသတွင်း PDF တွေက ပြင်းထန်တဲ့ သတိပေးမှုတွေလုပ်နေပါတယ်။