DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း CDF (မတူပီ) တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး
DVB
·
January 29, 2022
စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း CDF (မတူပီ) တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး
Donate to DVB

ချင်းပြည်နယ် မင်းတပ်-မတူပီလမ်းပိုင်း မိုင် ၇၀ ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ CDF မတူပီတပ်ဖွဲ့တို့ ဇန်နဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး CDF မတူပီတပ်ဖွဲ့ ၃ ဦး ကျဆုံးသွားတယ်လို့ CDF(မတူပီ) က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့မှာ CDF (မတူပီ) တပ်ရင်း (၃) က ရဲဘော် ဆလိုင်း-ဆိုင်းလျန်ဟာ မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မင်းတပ်- မတူပီ မိုင် ၇၀ ၀န်းကျင်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ CDF မတူပီ တပ်ရင်း (၁) က Salai Tung Mang နဲ့ Salai Lian Aung တို့ ၂ ဦးတိုက်ပွဲမှာ ကျဆုံးသွားတာဖြစ်ပါတယ်။

“၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင်  Chinland  Defense Force တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ဖြစ်ပွားခဲ့သည့် ထိတွေ့မှု့ဖြစ်စဉ်အတွင်း တိုင်းပြည်နှင့်လူမျိုးအတွက် CDF (Matupi) တပ်ဖွဲ့ဝင်အာဇာနည် ၃ ဦးအသက်ပေးခဲ့ပါသည်။ အမျိုးသားတော်လှန်ရေးအတွက် ကတိသစ္စာဆိုခဲ့သည့်အတိုင်း ရဲဘော်တို့၏ ပေးဆပ်မှုအပေါ် မိမိတို့ CDF(Matupi) မှ လေးစားဂုဏ်ပြုပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်” လို့ CDF(မတူပီ) က ရေးသားထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ထန်တလန် CDF၊ CAN တို့ တိုက်ပွဲဖြစ်ပွားရာမှာ CDF ထန်တလန်က  Salai Khua Tin Thang  မိုင်းနင်းမိတာကြောင့် ကျဆုံးသွားခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က မတူပီ- မင်းတပ်လမ်းမအတိုင်း မတူပီတပ်စခန်းက ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို CDF (မတူပီ) က မိုင်တိုင် ၈၀ အရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးထက် မနည်းဒဏ်ရာရရှိခဲ့တယ်လို့  CDF (မတူပီ) တပ်ဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013