DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း စက်မှုဇုန်စစ်ဘေးရှောင်စခန်း စားနပ်ရိက္ခာနှင့် သောက်သုံးရေလိုအပ် (ဓာတ်ပုံ)
DVB
·
January 28, 2022
ပုဏ္ဏားကျွန်း စက်မှုဇုန်စစ်ဘေးရှောင်စခန်း စားနပ်ရိက္ခာနှင့် သောက်သုံးရေလိုအပ် (ဓာတ်ပုံ)
1 / 15
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စက်မှုဇုန်စစ်ဘေးရှောင်စခန်းမှာ စာနပ်ရိက္ခာနဲ့ သောက်သုံးရေအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ အဆိုပါစစ်ဘေးရှောင်စခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အစိုးရရန်ပုံငွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိ စစ်ကောင်စီက ဆန်တစ်ခုတည်းသာ ထောက်ပံ့ပေးတာကြောင့် အကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်တစ်ဦးက “အစိုးရဆီက ဆန်တစ်ခုပဲရပါတယ်။ WFP ကတော့ လူတစ်ဦးကို တစ်လမှာ တစ်သောင်းခုနှစ်ထောင်ကျပ်စီ Wave Money ကလွှဲပေးပါတယ်။ ဒါတွေက ကလေးတွေ ကျောင်းထားဖို့တောင်မရပါဘူး။ အကူအညီတွေက အများကြီးလို အပ်ပါတယ်။'' ဟု 

စခန်းမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်၊ သာစည်၊ ပိန္နဲတောနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာတို့မှ စစ်ဘေးရှောင် ၇၀၀ နီးပါး၊ အိမ်ထောင်စု ၁၉၀ လောက် နေထိုင်ခိုလှုံနေပါတယ်။

''ဒီက အဝီစိရေတွင်းတွေကလည်း အဆင်မပြေဘူး။ အနီးအနားက ရေကန်တွေကလည်း ရေမခပ်ကြရတော့ဘူး။ ခုက တောင်ခြေက မသန့်ရှင်းတဲ့ရေတွေနဲ့ သောက်သုံးနေကြရပါတယ်။'' လို့ စစ်ဘေးရှောင်က  ရှင်းပြပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြပြီး ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေက စစ်ဘေးရှောင်စခန်းအချို့မှာ ရေရှားပါးမှု စတင်ကြုံတွေ့နေရပြီလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ရပ်တန့်နေပေမယ့် ယာယီစခန်းတွေမှာ စစ်ဘေးရှောင်တစ်သိန်းကျော် ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

By Kaung Mrat Naing / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013