DVB Logo
Home
နိုင်ငံတကာ
ရှင်းကျန်းပြည်နယ်၌ သဲမုန်တိုင်း တိုက်ခတ်
DVB
·
April 19, 2026
Photo: Reuters
Photo: Reuters
Donate to DVB

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းပြည်နယ်၊ ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ နေရာတချို့မှာ ဧပြီ ၁၇ ရက်က သဲမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပါတယ်။

ရှီးဟဲကျူမြို့က စောင့်ကြည့်ကင်မရာမှတ်တမ်းအရ ညနေ ၆ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ သဲနဲ့ ဖုန်မှုန့်တွေကို သယ်ဆောင်လာတဲ့ လေပြင်းတွေဟာ အနောက်မြောက်ဘက်ကနေ မြို့လယ်ကောင်ဆီကို တိုက်ခတ်လာခဲ့ပြီး  ဧရာမ သဲနံရံတံတိုင်းကြီးတခုလိုမျိုး ဒေသတခုလုံးကို  ဖုံးလွှမ်းသွားခဲ့ပါတယ်။

ကံကောင်းထောက်မပြီး သိပ်မကြာခင်ပဲ မိုးသည်းထန်စွာ ရွာသွန်းလာတာကြောင့် လေထုအရည်အသွေး တိုးတက်လာခဲ့ပါတယ်။

ဒေသမိုးလေဝသဌာန ဒုတိယအကြီးအကဲ အန်ဒုံလျောင်းက “မိုးရွာလိုက်တာကြောင့် လေထုထဲက ဖုန်မှုန့်တွေကို သိသိသာသာ လျှော့ချပေးနိုင်ပြီး လေပြင်းနဲ့ သဲမုန်တိုင်းတွေကြောင့် စိုက်ပျိုးရေး ထုတ်လုပ်မှုအပေါ် ထိခိုက်နိုင်တဲ့ ဆိုးကျိုးတွေကိုလည်း လျော့ပါးသက်သာစေပါတယ်” လို့ ပြောပါတယ်။

မြို့တော်ထဲမှာတော့ လူနေမှုဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေပြေ လည်ပတ်နိုင်ဖို့အတွက် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနဲ့ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးနဲ့ကာကွယ်ရေး အရေးပေါ်စီမံချက်တွေကို  စတင်အကောင်အထည်ဖော်ထားပါတယ်။

အဲဒီနေ့ည ၈ နာရီဝန်းကျင်မှာပဲ ဒေသအုပ်ချုပ်ရေးမြို့တော် အူရုံမ်ချီမှာလည်း သဲမုန်တိုင်း တိုက်ခတ်ခဲ့လို့ မြို့ပြဧရိယာအတွင်း မြင်ကွင်းရှုထောင့်ကို မီတာ ၅၀၀ ကနေ ၁,၀၀၀ အထိသာ မြင်နိုင်တဲ့အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ 

သဲမုန်တိုင်းဟာ၊ မိနစ် ၃၀ လောက် ကြာမြင့်ခဲ့ပြီးနောက် မိုးစတင်ရွာလာတာနဲ့အမျှ တဖြည်းဖြည်းချင်း လျော့နည်းပျောက်ကွယ်သွားခဲ့ပါတယ်။ 

ဒေသန္တရ မိုးလေဝသပညာရှင်တွေကတော့ သိပ်မကြာသေးခင်ရက်ပိုင်းအတွင်း မိုးမရွာဘဲ လေပြင်းတွေ တိုက်ခတ်ခဲ့တာက သဲမုန်တိုင်းဖြစ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013