
လာမယ့် ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ့် ဂျာမနီသမ္မတ မစ္စတာ ဂျိုးအာချင် ဂတ်ခ်ျ (Mr. Joachim Gauck) ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ဂျာမနီကို ပေးဖို့ရှိတဲ့ အကြွေးတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လျော်ပေးမယ့် သဘောတူ လက်မှတ်စာချုပ်တခု ရေးထိုးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။
[caption id="attachment_51367" align="alignright" width="300"]
ဂျာမနီသမ္မတ[/caption]
ဂျာမနီသမ္မတရဲ့ ခရီးစဉ်အတွင်း ပါလီမန်အမတ်တွေနဲ့ စီးပွားရေးလုပ်ငန်း ဦးဆောင်နေသူတွေ ပါမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခရီးစဉ်အတွင်း ဂျာမနီသမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမယ့်အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အန်အယ်လ်ဒီပါတီရဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးအဖွဲ့ဝင်တွေနဲ့ လည်း တွေ့ဆုံမယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်မှာ ဂျာမန်ကနေ မြန်မာနိုင်ငံအပေါ် အကြွေး ဘယ်လောက်တင်နေလဲ ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။










