DVB Logo
Home
မြန်မာသတင်း
ကေအန်ယူထိန်းချုပ်နယ်မြေတွင် ၁၀ ရက်အတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွား
DVB
·
January 27, 2022
ကေအန်ယူထိန်းချုပ်နယ်မြေတွင် ၁၀ ရက်အတွင်း တိုက်ပွဲပေါင်း  ၁၀၀ ကျော်ဖြစ်ပွား
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တွေနဲ့ KNLA ၊ KNDO တို့အကြား  ၁၀ ရက်အတွင်း တိုက်ပွဲပေါင်း ၁၀၅ ကြိမ်ဖြစ်ပွားခဲ့ရာ နယ်ခြားစောင့်တပ်ဘက်က စစ်သမီးအပါအဝင် ၁၅၀ လောက် သေဆုံးပြီး ၁၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဇန်နဝါရီ ၂၆ ရက်က ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၅ ရက်မှ ၂၅ ရက်အထိ ၁၀ ရက်အတွင်း နယ်ခြားစောင့်တပ်ဘက်က နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုလုပ်လာတဲ့အတွက် နယ်မြေခံ KNLA ၊ KNDO တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

နယ်ခြားစောင့်တပ်တွေက ဒေသခံပြည်သူလူထုတွေရဲ့ ကျေးရွာအတွင်းကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၃ ယောက်  သေဆုံးခဲ့ရပြီး ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကေအန်ယူထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒူးသထူးခရိုင်(တပ်မဟာ၁ )၊ ညောင်လေးပင်ခရိုင် ( တပ်မဟာ ၃ )၊ မြိတ်ထားဝယ်ခရိုင် (တပ်မဟာ ၄ )၊ မူတြော်ခရိုင် ( တပ်မဟာ ၅ ) နဲ့ ဒူးပလာယာခရိုင် ( တပ်မဟာ ၆ ) နယ်မြေတွေမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးက ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

ဒီကနေ့အထိ စစ်ကောင်စီရဲ့တပ်တွေက စစ်ရေးလှုပ်ရှားမှုပြုလုပ်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံပြည်သူတွေဟာ မိမိနေရပ်ကို ပြန်လည်နေထိုင်ခြင်း မပြုနိုင်သေးတဲ့အပြင် ဒေသတွင်းစာသင်ကျောင်းတွေကို ပိတ်ထားရတဲ့အတွက် ကျောင်သားကျောင်းသူတွေနဲ့ ကျောင်းနေရွယ် ကလေးငယ်တွေဟာ ပညာမသင်ကြားနိုင်ပဲ တောတောင်တွေအတွင်းမှာ ထွက်ပြေးပုန်းနေရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူလူထုတွေဟာ  အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်ခံစားခဲ့ရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် မတ်လကစတင်ပြီး ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့တပ်တွေဟာ နယ်မြေကျော်ဝင်လာပြီး စစ်ရေးလှုပ်ရှားတာ၊ အင်အားတိုးချဲ့တာ၊ လက်နက်ခဲယမ်းဖြည့်တင်းတာ၊ စခန်းတိုးချဲ့တည်ဆောက်တာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ ခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေအပြင် လူ့ အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013