DVB Logo
Home
Lead Story
ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း
DVB
·
February 7, 2014
ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း
Donate to DVB

[caption id="attachment_51098" align="alignright" width="300"]ဒုချီးရားတန်းကျေးရွာ မီးလောင်မှု ဖြစ်ပွားခဲ့စဉ် ဒုချီးရားတန်းကျေးရွာ မီးလောင်မှု ဖြစ်ပွားခဲ့စဉ်[/caption]ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ သမ္မတက ၁၀ ဦးပါ စုံစမ်းစစ်ရေးရေးကော်မရှင်ကို ဖေဖော်ဝါရီ ၆ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပါတယ်။

ဒီကော်မရှင်မှာ ခေါင်းဆောင်အဖြစ် ဒေါက်တာ သာလှရွှေက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်ရင်လှိုင်တို့ပါဝင်ပြီး ဒေသခံ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေ၊ ကြက်ခြေနီအသင်း၊ နိုင်ငံတကာ ဥပဒေပညာရှင်တွေ၊ ကြက်ခြေနီနဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

ကော်မရှင်အနေနဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်း ရွာမှာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့မီးလောင်မှု ကိစ္စရပ်တွေကို စုံစမ်းစစ်ပြီး ဖေဖော်ဝါရီလ (၂၈) ရက်နောက်ဆုံးထား သမ္မတထံ အစီရင်ခံရမှာပါ။

ဒုချီးရားတန်းကျေးရွာမှာ မွတ်စလင်တွေ သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးဖို့ ၀ိုင်းဝန်းတောင်းဆိုကြပြီးနောက် ခုလို သမ္မတက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းလိုက်တာပါ။

ဒီရွာမှာ တပ်ကြပ်ကြီးတဦးက လွဲပြီး တခြားသေဆုံးသူတွေမရှိကြောင်းနဲ့ အစိုးရက အကြိမ်ကြိမ် သတင်းထုတ်ပြန်ခဲ့ပြီး သတ်ဖြတ်ခံရတယ်ဆိုတဲ့ အထောက်အထားတွေရှိရင် ပေးပို့ကြဖို့လည်း တောင်းခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013