DVB Logo
Home
မြန်မာသတင်း
MVRF တပ်ဖွဲ့က အမျိုးသမီးများကို အခြေခံစစ်ပညာနှင့်ဆေးပညာများသင်ကြားပေး
DVB
·
January 27, 2022
MVRF တပ်ဖွဲ့က အမျိုးသမီးများကို အခြေခံစစ်ပညာနှင့်ဆေးပညာများသင်ကြားပေး
1 / 6
Donate to DVB

မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF က အမျိုးသမီး ၃၃ ယောက်ကို အခက်ခဲတွေကြားကနေ အခြေခံစစ်ပညာနဲ့ ဆေးပညာတွေသင်ကြားပေးနေတယ်လို့ MVRF တပ်ဖွဲ့ဆီက သိရပါတယ်။

မြိုင်မြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ အခက်ခဲတွေကြားက အခြေခံစစ်ပညာနဲ့ ဆေးပညာတွေကို အမျိုးသမီးသီးသန့် သင်တန်းပို့ချပေးနေတယ်လို့ MVRF ရဲ့ခေါင်းဆောင် ဦးအောင်ဇေယျက ပြောပါတယ်။

MVRF တပ်ဖွဲ့ တပ်ခွဲ(၄)က ဗိုလ်ကာဒစ် ဦးဆောင်တဲ့အဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ကနေ သင်တန်းပေးနေတာဖြစ်ပြီး သင်တန်းကာလအနေနဲ့ အခြေခံစစ်ပညာသင်တန်းကို ၁၀ ရက်နဲ့ ဆေးပညာသင်တန်းကို ၇ ရက် သင်ကြားပို့ချပေးနေတာလို့ ဆိုပါတယ်။

“ဒီနွေဦးတော်လှန်ရေးကတော့ အမျိုးသမီး၊ အမျိုးသား၊ လူကြီး၊ လူငယ် လူတန်းစားမရွေး အားလုံးပါဝင်မှရမယ်ဆိုတဲ့အသိပေါ့။ နောက်ပြီးတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာလည်း တော်လှန်ရေးမှာ တော်တော်လေးပါဝင်နေကြတာဖြစ်တယ်။ သပိတ်တွေ၊ CDM လှုပ်ရှားမှုတွေ တင်မကဘဲနဲ့ လက်နက်ကိုင်လမ်းစဥ်အထိ ရွေးချယ်ကြတဲ့အထဲမှာ ကျနော်တို့ အမျိုးသားတွေနဲ့ အတူတူ အမျိုးသမီးတွေကလည်း သူတို့လည်း လုပ်နိုင်စွမ်းရှိတယ်။ သူတို့လည်း စစ်အာဏာရှင်ဆန့်ကျင်တဲ့နေရာမှာ အမျိုးသားတွေနဲ့ အတူရင်ဘောင်တန်းပြီး ဒီနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရေနဲ့ စစ်ကျွန်မခံလိုတဲ့ စိတ်ဓာတွေက တော်တော် အားရစရာကောင်းတယ်။”

မြိုင်မြို့နယ်ထဲမှာ တော်လှန်ရေးအင်အာစုတွေ အထိုက်အလျောက်ရှိနေတာကြောင့် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး ကြွတ်မနိုင် ကျည်မီးနဲ့ရှို့ဆိုသလို PDF တွေကို ထောက်ပံတယ် ယူဆပြီး ပြည်သူတွေရဲ့ ရေနံမှော်တွေဆီခြံတွေကို မီးရှို့ဖျက်ဆီးနေကြတယ်လို့ဆိုပါတယ်။

“စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် လက်နက်အင်အား လူအင်အားကွာခြားနေတာကြောင့် မတိုက်ရလို့ တစ်ချို့ရဲ့ဘော်တွေဆိုရင် လက်နက်တောင်ပြန်အပ်တာရှိတယ်ဗျ။ ကျနော်တို့ PDF လူငယ်တွေရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေ တက်ကြွနေတာဟာ ကြက်သီးမွှေးညှင်းတောင်ထလောက်ပါတယ်။ လက်နက်အင်အား သာမျှတနေမယ်ဆိုရင် စစ်ကောင်စီတပ်တွေ အခုလို စစ်ကြောင်းထိုးနိုင်မှာမဟုတ်ဘူး” လို့ MVRF ရဲ့ခေါင်းဆောင် ဦးအောင်ဇေယျက ပြောပါတယ်။

နွေဦးတော်လှန်ရေး မုချအောင်မြင်တော့မှာဖြစ်တာကြောင့် ပြည်သူအနေနဲ့ တောင့်ခံပေးကြဖို့နဲ့ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက နည်းလမ်းပေါင်းစုံသုံး အနုတစ်မျိုး အကြမ်းတစ်ဖုံ စည်းရုံးသွေးဆော်နေတာကို လုံးဝလက်မယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်အတွင်းကို စစ်ကြောင်း ၅ ကြောင်းလောက်နဲ့ အင်အားအလွန်အကျွံသုံးကာ စစ်ကြောင်ထိုးပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်တဲ့အပြင် ပြည်သူ သိန်းနဲ့ချီမှီခိုနေတဲ့ ရေနံမှော်တွေကိုလည်း မီးရှို့ဖျက်ဆီးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013