DVB Logo
Home
မြန်မာသတင်း
အိမ်အဖျက်ခံရသည့် သမီးကလေးရွာသားများ ဘုန်ကြီးကျောင်းတွင် ခေတ္တနေခွင့်ရ
DVB
·
February 7, 2014
အိမ်အဖျက်ခံရသည့် သမီးကလေးရွာသားများ ဘုန်ကြီးကျောင်းတွင် ခေတ္တနေခွင့်ရ
Donate to DVB

စာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် အိမ်အဖျက်ခံရတဲ့ ရန်ကုန်တိုင်းလှည်းကူးမြို့နယ် သမီးကလေးကျေးရွာသားတွေ ပဲခူးမြို့ အလံနီဆည်အနီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ စာမေးပွဲဖြေဆိုပြီးချိန်ထိ ပဲခူးတိုင်းရဲတပ်ဖွဲ့က နေခွင့် ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက သပိတ်စခန်းဖွင့်မယ်ဆိုတဲ့သတင်းကြောင့် ပဲခူးက အာဏာပိုင်တွေ သမီးကလေးကျေးရွာ ဒုက္ခသည်စခန်းဖွင့်ထားတဲ့ အလံနီဆည်အနီး အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကို ရောက်ရှိလာပြီး ရွာသားတွေက စာမေးပွဲဖြေဆိုရမယ့် ကျောင်းသားတွေရှိလို့ နေခွင့်ပြုပေးဖို့ တောင်းဆိုလိုက်တာပါ။

ThaMeLay Villageပဲခူးအာဏာပိုင်တွေက ကျောင်းသားတွေရဲ ပညာရေးကို ရှေးရှုပြီး အချိန် ၁ လလောက် နေခွင့်ပြုလိုက်တာလို့ သမီးကလေးကျေးရွားသား ဦးဝင်းစိုးက ပြောပါတယ်။

“ပဲခူးတိုင်းဘက်က အာဏာရှင်တွေ လာတယ်။ အခုအချိန်အထိ ရဲတပ်ဖွဲ့က မပြန်သေးဘူး။ ကျနော်တို့နဲ့ စကားပြောနေကြတယ်။ ကျနော်တို့ကို သူတို့က ကျောင်းသားတွေ စာမေးပွဲကို ရှေးရှုပြီးတော့ ၁ လလောက် အချိန်ပေးတယ်။ ၃ လပိုင်းအကျော်အထိ ကျနော်တို့ကို စောင့်ပေးတယ်။ ၃ လပိုင်းကျော်တာနဲ့ ကျနော်တို့ကို ဒီနေရာမှာ မနေဖို့ ပြောသွားတယ်။ သမီးလေး ရွာက ကျောင်းသားဦးရေ ၈၀ ကျော်လောက် ရှိတယ်။”

ပဲခူးတိုင်း အလံနီဆည်အနီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ အိမ်ခြေဖျက်ခံရလို့ ဒုက္ခရောက်နေတဲ့ မိသား ၂၀၀ ကျော်၊ လူဦးရေး ၅၀၀ နီးပါးရောက်လာပြီး ခိုလှုံနေတာ ဖြစ်ပါတယ်။

လူလူချင်း စာနာတဲ့စိတ်နဲ့ အခုလို ခိုလှုံခွင့်ပေးထားတာလို့ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းဆရာတော် ဦးအဂ္ဂဓမ္မက ဒီဗွီဘီကို အခုလို မိန့်ကြားခဲ့ပါတယ်။

“သူတို့က အထက်က ညွှန်ကြားချက်အတိုင်း လက်ခံလို့ မရတဲ့အကြောင်း ဆရာတော့်အနေနဲ့ သူတို့ကို မေတ္တာရပ်ခံပေးပါတဲ့။ အုပ်ချုပ်ရေးမှူးက စာပို့တယ်။ သူတို့ကလည်း အေးအေးဆေးဆေး လာကြည့်ရင်းနဲ့ ပြောတာပါ။ ဒကာကြီးလို့၊ ဦးဇင်းတို့က ဗုဒ္ဓဘာသာ ဘာသာရေး ခေါင်းဆောင်တယောက်ဖြစ်တဲ့အတွက် ဘယ်သူပဲဖြစ်ဖြစ် ဒုက္ခရောက်နေရင် ကူညီရမှာပဲလို့၊ အဲဒီတော့ ဒကာကြီးတို့ တာဝန်ရှိလို့ အရေးယူမယ်ဆိုရင် တာဝန်အတိုင်း ဆက်လုပ်ပါလို့ ဦးဇင်းက ဒီလူတွေကို ဒီမှာ မနေနဲ့လို့ ဦးဇင်းမပြောနိုင်ဘူး။ ဒကာကြီးတို့လည်း လုပ်စရာရှိတာဆက်လုပ်ပါ။ ဦးဇင်းလည်း ဦးဇင်းလုပ်စရာရှိတာ ဆက်လုပ်ပါမယ်လို့ ပြောလိုက်တယ်။”

သမီးကလေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုရေးအကူအညီတွေ ပေးနေတဲ့ ဦးမှတ်ကြီးက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ သမီးကလေးကျေးရွာဒုက္ခသည်တွေ နေရေးနဲ့ စားရေး အခက်တွေ့နေတယ်လို့ ပြောပါတယ်။

“အဲဒီမှာ သူတို့ ရွက်ဖျင်တဲလေးတွေ ထိုးထားတယ်။ အပေါ်မိုးပဲရှိတယ်။ ဘာအကာမှ မရှိဘူး။ သူတို့ တန်းလျားပုံစံမျိုး နေနေတယ်။ ပိုဆိုးတာက ကျနော်တို့ ၀င်သွားပြီးတော့ ရဲကားတွေ ရောက်လာပြီး သူတို့ကို ဖမ်းမယ်ဆီးမယ် ခြောက်နေတော့ ကြောက်နေကြတာ။”

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့တဲ့အတွက် လှည်းကူးမြို့နယ် သမီးကလေး ကျေးရွာနေ မိသားစု ၄၀၀ ကျော် လူဦးရေး ၁၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုက ပဲခူးတိုင်းဒေသကြီး အလံနီဆည်အနီးရှိ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။

လှည်းကူးမြို့နယ်တ၀ိုက်မှာ ရှိတဲ့ ကျွဲတဲကျေးရွာအပါအ၀င် ကျေးရွာအချို့ကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်သိမ်းဆည်းပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013