DVB Logo
Home
မြန်မာသတင်း
စစ်တပ်သိမ်းမြေဧက ၁ သိန်းခွဲကျော် ပြန်ပေးမည်
DVB
·
February 6, 2014
စစ်တပ်သိမ်းမြေဧက ၁ သိန်းခွဲကျော် ပြန်ပေးမည်
Donate to DVB

တပ်မတော်က နိုင်ငံတ၀န်း သိမ်းယူခဲ့တဲ့ မြေယာတွေထဲက မြေယာဧက ၁ သိန်းခွဲကျော် ပြန်ပေးမယ်လို့ ကြေညာလိုက်သလို နောက်နောင် မြေထပ်မသိမ်းတော့ဘဲ သိမ်းထားတဲ့ မြေတွေကို ပြန်ပေးတော့မယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။

လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှု မရှိစေရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၁ နဲ့ အပိုင်း ၃ ပါ စစ်တပ်က သိမ်းထားတဲ့ လယ်မြေအမှုပေါင်း ၅၀၀ ကျော်ထဲက ၃၀၀ ကျော်ကို ပြန်ပေးမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Military Land4ပထမအကြိမ် ပြန်ပေးခဲ့တဲ့ လယ်မြေဧကပေါင်း ၅ သောင်းကျော်ရှိတာမို့ ဒီတကြိမ်နဲ့ဆို မြေဧကပေါင်း ၂ သိန်းကျော် ပြန်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဆိုင်ရာ ဆပ်ကော်မတီရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက စစ်တပ်က သိမ်းထားတဲ့ မြေဧကပေါင်း ၂ သိန်း ၄ သောင်းကျော်ရှိတယ်လို့ ပြောပါတယ်။

“၂ သိန်း ၄ သောင်းကျော်။ ကျနော်တို့ဆီကို မြေယာသိမ်းဆည်းခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်သူလူထုက တင်ပြခဲ့တာတွေ၊ တိုင်ကြားလာတဲ့ဟာတွေကို ကျနော်တို့က ပြန်စိစစ်တော့ မြေယာ စုစုပေါင်းဧက ၂ သိန်း ၄ သောင်းကျော် ရှိတယ်။ ဒါပေမယ့် သိမ်းဆည်းထားတဲ့ တပ်မြေတွေအားလုံးက ကိုယ်ပိုင်မြေတွေတော့ မရှိဘူး။ အစိုးရအဖွဲ့အစည်းတွေလည်း ဒီလိုပါပဲ။ မြေတွေအားလုံးက သူ့ဟာသူ သက်ဆိုင်ရာ ကနဦး အမည်ပေါက်တွေတော့ ရှိကြမှာပေါ့။ အခုဟာကတော့ တိုင်တန်းလာတဲ့ဟာကို ကျနော်တို့ ပြန်ပြီး စိစစ်ထားတာပေါ့။”

လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှု မရှိစေရေး ကော်မရှင်၊ အတွင်းရေးမှူး ဦးသိန်းထွန်းကတော့ စစ်တပ်က သိမ်းထားတဲ့ လယ်မြေအမှုပေါင်း ၂ ထောင်ကျော် ရှင်းဖို့ ကျန်သေးတယ်လို့ ပြောပါတယ်။

“အမှုတွဲပါတာက ၃၀၀ ကျော်ကျော်ပဲ ရှိတယ်။ တကယ်တမ်း ကျနော်တို့ နောက်ဆက်တွဲ တပ်ကို တိုင်ကြားစာပို့လိုက်တာက ၂၁၉၂ စောင်ပါ။ သူတို့ ရှင်းနိုင်သေးတာက အစီရင်ခံစာက နမူနာပြပြီး ရှင်းတဲ့ဟာ။ တပ်မတော်နဲ့ပတ်သက်ပြီး အပိုင်း ၁ ကို ဆွေးနွေးတဲ့အခါမှာ ပြည်နယ်နဲ့တိုင်း အားလုံးကို မထည့်နိုင်ဘူး။ နမူနာပြလေးတွေကို ထည့်လိုက်တဲ့ တိုင်စာပေါ့။ အဲဒီတိုင်စာအပေါ်မှာပဲ သူရှင်းထားတာ ရှိသေးတယ်။ နောက်ထပ်ရောက်လာတဲ့ တိုင်စာတွေအားလုံး ဒီနေ့အထိ ပို့ပြီးတာ ၂၁၉၂ စောင် ပို့ပေးတယ် တပ်ကို။”

စစ်တပ်က ပြန်ပေးတယ် ပြောနေပေမယ့် မူလပိုင်ရှင်တွေလက်ထဲ ပြန်မရောက်သေးတာကြောင့် အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပေးဖို့နဲ့ မြေယာတွေ ပြန်ပေးတဲ့အခါ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ဖို့ ရှေတပတ်လွှတ်တော်ထဲ အရေးကြီးအဆို တင်ပြီး လွှတ်တော် ကိုယ်စားလှယ် လေးငါးခြောက်ဆယ်လောက် ၀ိုင်းဝန်းဆွေးနွေးကြဖို့ ရှိတယ်လို့ ပြောပါတယ်။

စစ်တပ်ကသိမ်းထားတဲ့ လယ်မြေတွေကို ပြန်လည်ရယူလိုတဲ့ မူလပိုင်ရှင်တွေဟာ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးတွေထံ ပြန်လည်လျှောက်ထားကြရမှာ ဖြစ်ပါတယ်။

ပြည်နယ်တိုင်းအလိုက် စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်မြေဧက စာရင်း ဖော်ပြထားရာမှာ ကချင် ပြည်နယ်အတွင်း ဧကပေါင်း ၃၈၀၀၀ ကျော်နဲ့ အများဆုံး သိမ်းယူထားခဲ့ကြောင်း တွေ့ရှိရပါတယ်။

လယ်မြေတွေ သိမ်းရာမှာလည်း ပြည်ထဲရေးအမိန့်နဲ့ သိမ်းခဲ့တာ၊ လန-၃၉ ရယူသိမ်းခဲ့တာ၊ မြေစာရင်း ပုံစံပေါက်ယူပြီး သိမ်းခဲ့တာ၊ တပ်အစီအစဉ်နဲ့ လုပ်ပိုင်ခွင့်ယူ သိမ်းခဲ့တာ ဆိုပြီး ခွဲခြား ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013