DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် ပြည်သူ့ပညာရေးအစီအစဥ်ဖြင့် ကျောင်းသား/သူ ၄၀၀ ခန့်ကို ပညာသင်ကြားပေးနေ
DVB
·
January 26, 2022
ရေစကြိုတွင် ပြည်သူ့ပညာရေးအစီအစဥ်ဖြင့် ကျောင်းသား/သူ ၄၀၀ ခန့်ကို ပညာသင်ကြားပေးနေ
1 / 3
Donate to DVB

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှာ ပြည်သူ့ပညာရေးအစီစဥ်နဲ့ ကျောင်းသား/ ကျောင်းသူ ၄၀၀ လောက်ကို ပညာသင်ကြားပေးနေတယ်လို့ ရေစကြိုအခြေစိုက် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ရေကြိုမြို့နယ်မှာ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ အဖွဲ့ဝင် ကျေးရွာ ၅ ရွာရှိတဲ့ အနက် ကျေးရွာ ၄ ရွာမှာ ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ လုံခြုံရေးအစီအမံနဲ့ ပြည်သူ့ပညာရေးအစီစဥ်ပြုလုပ်ပြီး ကျောင်းသားကျောင်းသူတွေကို ပညာသင်ကြားပေးနေတာ အခုဆိုရင် တစ်လပြည့်ပြီးလို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရေခဲက ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူ့ပညာရေးအစီစဥ်နဲ့ စာသင်ပေးတဲ့အထဲမှာ CDM ဆရာမတွေ၊ ဘွဲ့ရပြီးသားလူငယ်တွေနဲ့ တက္ကသိုလ်ဝင်တန်းအောင်လူငယ် ဆရာ၊ ဆရာမ ၅၀ လောက်က ကျောင်းသားကျောင်းသူ ၄၀၀ လောက်ကို ပညာသင်ကြားပေးနေတာလို့ ဆိုပါတယ်။

တချို့ရွာတွေမှာတော့ KG တန်းကနေ စတုထ္ထတန်းအထိ သင်ကြားပေးပြီး ဆရာ၊ ဆရာမ အင်အားများတဲ့ ရွာတွေမှာတော့ အလယ်တန်းအဆင့်ထိ သင်ကြားပေးနေတယ်လို့ ပြောပါတယ်။

ဒီအစီအစဥ်ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိတာရယ်၊ ကလေးတွေ ဗလငါးတန် အပြည့်နဲ့ စာသင်ကြားနိုင်အောင်စီရတာလို့ ဆိုပါတယ်။

လုံခြုံရေးပိုင်းကတွေ ကျေးရွာ ကာကွယ်ရေးလူငယ်တွေ အလှည့်ကျစနစ်နဲ့ တာဝန်ယူပေးထားတယ်။

“ကလေးတွေက စာနဲ့ဝေးနေတော့ တစ်ချို့ကလေးတွေဆိုရင် ABCD ကို မရေးတတ်ကြတော့ဘူးဗျ။ သင်ထောက်ကူ ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့လည်း အလှူရှင်တွေလိုအပ်နေတယ်” လို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တော်လှန်ရေးနဲ့ ပတ်သက်ပြီးလည်း  မကြာခင် အောင်ပွဲရတော့မှာဖြစ်လို့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

“ကျနော်တို့ အောင်ပွဲရဖို့က တော်လှန်ရေးတပ်သားတွေတင် တော်လှန်နေရုံနဲ့မရပါဘူး။ ပြည်သူတွေလည်း ပါဝင်ပေးဖို့လိုပါတယ်ဗျ။ လက်နက်ကိုင်မှ တော်လှန်ရေး မဟုတ်ပါဘူးဗျ။ အာဏာရှင်ရဲ့ စနစ်မှန်သမျှ ဆန့်ကျင်မှုဟာလည်း တော်လှန်ရေးဖြစ်ပါတယ်။ ပြီးတော့ တော်လှန်ရေး ရဲဘော်တွေ အဖွဲ့အစည်းတွေ အနေနဲ့လည်း နှုတ်လုံဖို့လိုပါတယ်ဗျ။ နိုင်ငံရေးနဲ့ တော်လှန်ရေးကို ခွဲခြားပြီး နားလည်စေလိုပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီ အာဏာစသိမ်းပြီးကတည်းက မြန်မာနိုင်ငံအနှံ့ သပိတ်စစ်ကြောင်းတွေမှာ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ချီတက်ဆန္ဒပြနေကြသလို မြို့နယ်တစ်ချို့မှာတော့ ပြည်သူ့ပညာရေး အစီစဥ်တွေနဲ့ လူငယ်တွေကို ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013