DVB Logo
Home
မြန်မာသတင်း
မြန်မာ အာဟာရချို့တဲ့မှုနှုန်း မြင့်မားနေ
DVB
·
February 6, 2014
မြန်မာ အာဟာရချို့တဲ့မှုနှုန်း မြင့်မားနေ
Donate to DVB

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားနဲ့ အရှေ့တီမော နိုင်ငံတွေပြီးရင် တတိယမြောက် အာဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်တယ်လို့ ယူနီဆက်ဖ်ရဲ့ မြန်မာရုံးခွဲက ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေးသူငယ် စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံက ခန္ဓကိုယ်သေးကွေးပိန်လှီ နေပြီးတော့ အဲဒီထဲက ၈ ရာခိုင်နှုန်းလောက်က အသက်အရွယ်နဲ့ မလိုက်အောင် ဆိုးဆိုးဝါးဝါး စိုးရိမ်ဖွယ် ရှိလောက်အောင် ပိန်သေးနေတာ ဖြစ်ပါတယ်။

Kachin Refugee17 copyမြန်မာနိုင်ငံမှာ နှစ်စဉ် ကလေးသေဆုံးမှုနှုန်းရဲ့ ၁၅ ရာခိုင်နှုန်းနီးပါးကလည်း ဒီခန္ဓာကိုယ်သေးကွေး ပိန်လှီနေတဲ့ကလေးတွေ ဖြစ်ပါတယ်။

အာဟာရချို့တဲ့နေတဲ့ ကလေးတွေက အာဟာရပြည့်ဝတဲ့ ကလေးတွေထက် သေဆုံးမှုနှုန်း ကလည်း ၉ ဆ ပိုများပါတယ်လို့ မြန်မာနိုင်ငံ အာဟာရ ဖွံ့ဖြိုးရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့မှာ ပူးတွဲဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်နေတဲ့ ယူနီဆက်ဖ်ရဲ့ မြန်မာဌာနေ ကိုယ်စားလှယ် မစ္စတာ ဘာထရန်း ဗိန်းဗယ်လ် (Mr Bertrand Bainvel)က ပြောဆိုလိုက်တဲ့ အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူက “မြန်မာအစိုးရက ကမ္ဘာ့ အဟာရမြှင့်တင်ရေးလှုပ်ရှားမှု လုပ်ငန်းတွေမှာ ပါဝင်ဖို့ စတင်လိုက်တဲ့အတွက် ကြိုဆိုပါတယ်။ ဒါဟာ ကလေးသူငယ်တွေရဲ့ အာဟာရချို့တဲ့မှုကို အဆုံးသတ်စေမယ့် အရေးကြီးတဲ့ ခြေလှမ်းတရပ် လည်း ဖြစ်ပါတယ်။ ပြီးတော့ မြန်မာကလေးတွေ သူတို့ရဲ့ အသက် ၅ နှစ်ပြည့် မွေးနေ့ထိ ရောက်ဖို့နဲ့ ပိုမို တိုးတက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိဖို့အတွက် ဒါက အရေးကြီးတဲ့ခြေလှမ်းပါ” လို့ ပြောပါတယ်။

ဒီနောက် အက်ဖ်အေအိုရဲ့ မြန်မာဌာနေကိုယ်စားလှယ် မစ္စစ် ဘွေးသီလန် (Ms Bui Thi Lan) က မြန်မာနိုင်ငံမှာ အာဟာရချို့တဲ့မှုကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတွေကတော့ စားနပ်ရိက္ခာ မလုံလောက်တာ၊ တကိုယ်ရည် သန့်ရှင်းမှု အလေ့အထ အားနည်းတာ၊ ရေကောင်းရေသန့်နဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို အကန့်အသတ်နဲ့ ရရှိတာ၊ ကလေးသူငယ်တွေကို အစားအစာကျွေးတဲ့ပုံစံ မမှန်ကန်တာတို့ ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စစ် ဘွေးသီလန်က “ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေက ဗီတာမင်နဲ့ သတ္တူဓာတ် တွေ ချို့တဲ့နေတာကို သတိမထားမိတတ်ကြပါဘူး။ ဒါကြောင့် အဟာရချို့တဲ့မှုကို ပိုပြီး ဆိုးရွား သွားစေပါတယ်။ ဒီအတွက် အာဟာရ မြှင့်တင်ရေး လှုပ်ရှားမှုရဲ့ အကျိုးကျေးဇူးကို မြန်မာနိုင်ငံက ပြည်သူတွေ တယောက်မကျန် ခံစားခွင့် ရရှိစေဖို့ ကျမတို့က မြန်မာအစိုးရနဲ့ အတူ ပူးပေါင်းဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။

မြန်မာအစိုးရက ယူနီဆက်ဖ်၊ ကမ္ဘာ့ကျန်းမားရေးအဖွဲ့၊ ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာ့အာဟာရ မြှင့်တင်ရေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင်ဖို့အတွက် စီမံကိန်းတရပ်ကို ရေးဆွဲသွားမှာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ အကြီးဆုံးစိန်ခေါ်မှုတခုက အာဟာရချို့တဲ့မှု ပြဿနာပါ။

ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မြန်မာအစိုးရက ၂၀၁၃ ခုနှစ် မေလမှာ ကမ္ဘာ့ အာဟာရ မြှင့်တင်ရေး လှုပ်ရှားမှုလုပ်ငန်းမှာ ပါဝင်ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်လို့ အဖွဲ့ဝင်၄၆ နိုင်ငံစာရင်း ထဲမှာ ပါဝင်ထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013