DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများ ဆက်ဖြစ်နေမှုကြောင့် တနိုင်ငံလုံးအပစ်ရပ်ရေး ကြန့်ကြာ
DVB
·
February 6, 2014
တိုက်ပွဲများ ဆက်ဖြစ်နေမှုကြောင့် တနိုင်ငံလုံးအပစ်ရပ်ရေး ကြန့်ကြာ
Donate to DVB

အစိုးရစစ်တပ်နဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တချို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ပြည်လုံးကျွတ် လက်မှတ်ထိုးရေးကိစ္စမှာ ကြန့်ကြာနိုင်တယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ပြောပါတယ်။

[caption id="attachment_38257" align="alignright" width="300"]ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ယူအန်အက်စီတို့ ဖေဖော်ဝါရီ ၂၀ ရက် ၂၀၁၃ ခုနှစ်တွင် တွေ့ဆုံစဉ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ယူအန်အက်စီတို့ ဖေဖော်ဝါရီ ၂၀ ရက် ၂၀၁၃ ခုနှစ်တွင် တွေ့ဆုံစဉ်[/caption]နိုင်ငံတကာတတ်သိပညာရှင်များနဲ့ ယူအန်အက်ဖ်စီအဖွဲ့ဝင်ကိုယ်စားလှယ် ၂၀ ကျော်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ပဋ္ဋိပက္ခဖြေရှင်းခြင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်နည်းလုပ်ဟန်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ယူအန်အက်ဖ်စီက ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ကရင်သတင်းစဉ်က ရေးပါတယ်။

အစိုးရဘက်က မည်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကိုမှာ တိုက်ခိုက်ခြင်း မရှိတော့မှသာ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာနိုင်တယ်လို့ ယူအန်အက်ဖ်စီရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) မဟာမိတ် ဆက်ဆံရေးဌာနတာဝန်ခံ ပဒို စောဒေးဗစ်သာကပေါက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အစိုးရတပ်တွေနဲ့ လက်ရှိ ကချင်နဲ့ ပလောင်(တအာန်း) တပ်ဖွဲတွေအကြား တိုက်ပွဲတွေကို ထောက်ပြပြီး တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီဖို့က ကြန့်ကြာသွားနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို ကေအန်ယူထိန်းချုပ်နယ်မြေ လောခီးလာညီလာခံအပြီး ရက်ပိုင်းအကြာမှာ ကျင်းပခဲ့တာ ဖြစ်ပြီး အင်္ဂလန်သံအရာရှိ၊ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်းနဲ့ တောင်အာဖရိကနိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ အတတ်ပညာရှင် ၃ ဦးကို ဖိတ်ကြား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တတ်သိပညာရှင်တွေက အင်ဒိုနီးရှားနိုင်ငံနဲ့ အာဖရိကနိုင်ငံတွေရဲ့ နိုင်ငံရေးပဋိပက္ခနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်ခဲ့ပြီး အစိုးရနဲ့ တိုင်းရင်းသားတွေအကြား အမျိုးသား ပြန်လည် သင့်မြတ်ရေးရဖို့ တတ်နိုင်သလောက် ညှိနှိုင်းပေးမယ်လို့ဆိုပါတယ်။

နိုင်ငံတကာက မြန်မာနိုင်ငံမှာ ဗမာ(မြန်မာ) လူမျိုးဦးရေ ၇၀ ရာခိုင်နှုန်း ရှိနေတယ်လို့ အထင်လွဲ မှားနေတဲ့ကိစ္စနဲ့ တကယ်က ဗမာမဟုတ်တဲ့ တိုင်းရင်းသားဦးရေ ၇၀ ရာခိုင်နှုန်းကျော် ရှိကြောင်း ယူအန်အက်ဖ်စီက ပြန်လည်ရှင်းပြခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ အစိုးရအကြား ဆွေးနွေးဖို့ ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီလကုန်ပိုင်း ချိန်းဆိုချက်ဟာ မဖြစ်တော့ဘဲ ပိုမိုခိုင်မာတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့အတွက် လာမယ့် မတ်လအတွင်းကို ရွှေ့ဆိုင်းကြောင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့က မနေ့က ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013