DVB Logo
Home
မြန်မာသတင်း
“ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ မလေးရောက်မြန်မာတို့အသံ” ရန်ပုံငွေပွဲ ကျင်းပမည်
DVB
·
January 25, 2022
“ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ မလေးရောက်မြန်မာတို့အသံ” ရန်ပုံငွေပွဲ ကျင်းပမည်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးရန်ပုံငွေအတွက် မလေးရှားရောက် မြန်မာတွေက တော်လှန်ရေးရန်ပုံငွေပွဲတခုကို ကျင်းပဖို့ ရှိနေပါတယ်။

“ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ မလေးရောက်မြန်မာတို့အသံ” အမည်နဲ့ ပြုလုပ်တဲ့ ဒီပွဲမှာတော့ ကံစမ်းမဲလက်မှတ်တစောင်ကို မလေးရှားရင်းဂစ် ၅၀ နဲ့ ပါဝင်ကံစမ်းနိုင်မှာဖြစ်ပြီး အစီအစဉ်ကရရှိတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံတဝန်း စစ်ရှောင်ဒေသ ပညာရေး၊ ကျန်းမာရေး၊ CDM ဆရာ  ဆရာမတွေကို ထောက်ပံ့ကူညီတာတွေ၊  ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဆုမဲကြေညာမယ့် အစီအစဉ်ကိုတော့ လာမယ့် မတ် ၂၀ ရက်၊ မြန်မာစံတော်ချိန်မနက် ၁၀ နာရီမှာ ပြုလုပ်မှာဖြစ်ပြီး ကံစမ်းမဲဖောက်ပေးမယ့် ပစ္စည်းတွေအနေနဲ့ မလေးရှားနိုင်ငံထုတ်မော်တော်ကား ၁ စီး၊ မော်တော်ဆိုင်ကယ် ၃ စီး၊  Smart phone ၃ လုံး၊ ရေခဲသေတ္တာ ၁ လုံးအပါအဝင် နှစ်သိမ့်ဆုတွေ၊ အနုပညာရှင်တွေရဲ့ မေတ္တာလက်ဆောင်ပစ္စည်းတွေကိုလည်း ထည့်သွင်းမဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။

ကံစမ်းမဲလက်မှတ်တွေကို အွန်လိုင်းက ဝယ်ယူလိုသူတွေအတွက် ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်စာမျက်နှာတွေဖြစ်တဲ့ "Education and Healthcar for Myamnar Facebook page,"နဲ့ "ပညာဖြင့်တော်လှန်နွေဦးရဲ့အောင်လံ မလေးရောက်မြန်မာတို့ရဲ့အသံ Facebook page"တွေမှာ ဝယ်ယူနိုင်သလို နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေ၊ မလေးရှားနိုင်ငံအတွင်း ဝယ်ယူအားပေးလိုသူတွေအတွက် Myanmar Migrant Workers Committee (Malaysia) ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကတဆင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

သိပ်မကြာခင်ကလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦး မော့လာရေးကို ရည်ရွယ်ပြုလုပ်တဲ့ “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” ဖျော်ဖြေပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာတော့ တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ နိုင်ငံကျော် ဂီတ၊ ရုပ်ရှင်၊ ကာတွန်း၊ စာပေ၊ ပန်းချီ အနုပညာရှင်တွေက တော်လှန်ရေးတေးသီချင်းတွေ၊ ကဗျာတွေ၊ ကာတွန်း၊ ပန်းချီ၊ မှတ်တမ်းရုပ်ရှင်နဲ့ တခြားသော အနုပညာဖျော်ဖြေမှု အစီအစဉ်များစွာနဲ့  ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်းရောက်မြန်မာတွေ ဦးဆောင်ကျင်းပတဲ့ “တော်လှန်ကျန်းမာ အနာဂတ် ကမ္ဘာ၊ ထိုင်းရောက်တို့ မြန်မာ” အမည်နဲ့ ကျင်းပတဲ့ ကျန်းမာရေးရန်ပုံငွေ ဖျော်ဖြေပွဲကနေလည်း ရန်ပုံငွေဘတ်သိန်း ၁၂၀ ကျော် ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013