
လာမယ့် ၂၀၁၄ စက်တင်ဘာဝန်းကျင်လောက် ရောက်ရင် မိုဘိုင်းဖုန်း ဆင်းကတ်ပေါင်း သန်း ၃၀ ကျော် စ ရောင်းပေးမယ်လို့ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်လက်မှတ်ထိုးခဲ့ပြီ ဖြစ်တဲ့ တယ်လီနောဂရုဖ်ရဲ့ ဒုဥက္ကဋ္ဌနဲ့ အာရှဒေသအကြီးအကဲ မစ္စတာ ဆစ်ဂ် ဘရစ်ကီး (Mr. Sigve Brekke) က သတင်းထောက်တွေကို ပြောပါတယ်။
ဆင်းကတ်တွေကို စပြီး ရောင်းပေးပေးမှာဖြစ်သလို အင်တာနက်ပါ သုံးလို့ ရအောင် ဆောင်ရွက်ပေးမယ်လို့လည်း သူက ဆိုပါတယ်။
အင်တာ နက် မြန်နှုန်းမြင့်အောင် ဆောင်ရွက်ပေး မှာ ဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံပိုင် ဆက်သွယ်ရေးဌာနဆီက ငှားရမ်းသုံးစွဲမယ်၊ နောက်ပိုင်း စာချုပ်ပါ ခွင့်ပြုချက်အတိုင်း ကိုယ်ပိုင် International Gateway တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
တယ်လီနော မြန်မာဟာ လာမယ့် ၅ နှစ်အတွင်း လူဦးရေ ၉၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။










