DVB Logo
Home
မြန်မာသတင်း
VPN အသုံးပြုသူကို ထောင်ချမည့် ဥပဒေ ငွေညှစ်ရန်ရည်ရွယ်ခြင်းဖြစ်ဟု ဝေဖန်
DVB
·
January 24, 2022
VPN  အသုံးပြုသူကို ထောင်ချမည့် ဥပဒေ ငွေညှစ်ရန်ရည်ရွယ်ခြင်းဖြစ်ဟု   ဝေဖန်
Donate to DVB

စစ်ကောင်စီက VPN အသုံးပြုသူတွေကို ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့ ဆိုက်ဘာဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးစားနေတာဟာ ငွေညှစ်ဖို့လုပ်ပေးထားတဲ့ ဥပဒေထက်မပိုဘူးလို့ နည်းပညာကျွမ်းကျင်သူတွေက ဝေဖန်နေကြပါတယ်။

စစ်ကောင်စီရဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေမှာ VPN အသုံးပြုသူတွေကို တစ်နှစ်ကနေ သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ထောင်ဒဏ်နဲ့ ကျပ်သိန်းငါးဆယ်ထက်မပိုတဲ့ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တဲ့ ဥပဒေကြမ်းကို အတည်ပြုဖို့ကြိုးစားနေတာပါ။

အဲ့ဒီဥပဒေကို အတည်ပြုပြဋ္ဌာန်းခြင်းမရှိသေးပေမယ့် လက်ရှိထွက်ပေါ်လာတဲ့ ဥပဒေကြမ်းမှာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ထားတာကိုတွေ့ရပြီး အောက်ခြေကလူတွေ လာဘ်စားခွင့်ရဖို့ ဖန်တီးပေးထားထက်မပိုဘူးလို့ နည်းပညာကျွမ်းကျင်သူတစ်ဦးက သုံးသပ်ထားပါတယ်။

ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းထွက်ပေါ်လာပြီးတဲ့နောက်မှာ ဖုန်းတွေကိုစစ်ဆေးကာ VPN တွေ့ပါက ငွေတောင်းတာတွေလုပ်နေပြီလို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီး အခြေအမြစ်မရှိတဲ့သတင်းတွေနဲ့ လူထုကို အကြောက်တရား ဝင်စေဖို့  ပြောဆိုနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာတွေထဲက Facebook နဲ့ Twitter တို့ကို အဓိကပိတ်ပင်ခဲ့ပြီးတော့ မိုဘိုင်းဒေတာဈေးနှုန်းတွေကိုလည်း ပြောင်းလဲသတ်မှတ်ခဲ့သလို ယခု VPN နဲ့ပတ်သက်တဲ့ ဥပဒေကြမ်းကိုထပ်မံပြဋ္ဌာန်းဖို့ ကြိုးစားတာဟာ နှစ်ပေါင်း ၇၀ လောက်နောက်ပြန်ဆွဲနေတာလို့ နည်းပညာရှင်တွေက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဒီဥပဒေထွက်ရှိလာရင်လည်း ဆိုရှယ်မီဒီယာသုံးစွဲရင် VPN ကို ဆက်လက်အသုံးပြုသင့်ပြီး VPN သုံးတာဟာ မိမိရဲ့တည်နေရာကို အလွယ်တကူရှာဖွေဖို့ခဲယဥ်းတယ်လို့  နည်းပညာရှင်တွေကအကြံပြုထားပါတယ်။

စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုက်ဘာလုံခြုံရေး ဥပဒေ မူကြမ်းအပေါ် ဇန်နဝါရီ ၂၈ ရက်က နောက်ဆုံးထား သဘောထားပေးဖို့ အင်တာနက် ဝန်ဆောင်တဲ့ ကုမ္ပဏီတွေကို စာပို့ထားပါတယ်။

ဒီဥပဒေကြမ်းကို မနှစ်ကလည်း သဘောထား တောင်းခံခဲ့ဖူးပြီး UMFCCI နဲ့ မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်တို့ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို မြန်မာနိုင်ငံမှာ တားမြစ်ထားတဲ့အတွက် ဖုန်းကနေ အင်တာနက် လိပ်စာကို ခြေရာမခံနိုင်အောင် လုပ်ထားတဲ့ VPN စနစ်ကို ပြည်သူတွေ သုံးစွဲနေရတာပါ။ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ရင် အင်တာနက်သုံးစွဲသူ အားလုံးကို ဖမ်းဆီးရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013