DVB Logo
Home
မြန်မာသတင်း
ထိန်းသိမ်းခံ ဝက်မှေးရွာသားများ ပြန်လွတ်
DVB
·
February 6, 2014
ထိန်းသိမ်းခံ ဝက်မှေးရွာသားများ ပြန်လွတ်
1 / 2
Donate to DVB

လက်ပံတောင်းတောင်ဒေသ ရဲနဲ့ ဒေသခံများတို့ ပဋိပက္ခကြောင့် ဖမ်းဆီးခေါ်ဆောင် သွားတဲ့ ရွာသား ၉ ဦး မနေ့ညနေက ပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသရှိ ၀က်မှေးရွာ အနောက်ဘက်ရှိ လျော်ကြေး မယူထားတဲ့ လယ်မြေတွေပေါ်မှာ ရွာသားတွေရဲ့ သဘောတူညီချက် မရရှိဘဲ ၀မ်ပေါင် ကုမ္ပဏီဘက်က ခြံစည်းရိုး သွပ်ဆူးကြိုး ကာရံတဲ့အတွက် တားဆီးရာကနေ ရဲနဲ့ရွာသားတွေအကြား ပဋိပက္ခ ဖြစ်ပြီး မနေ့ မနက် ၁၁ နာရီလောက်က ဖမ်းခံခဲ့ရတာပါ။

1554561_199990270208394_713293530_nရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀ ကျော်နဲ့ ဒေသခံရွာသား ၃၀ ကျော်တို့ ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှ မသွဲ့သွဲ့ဝင်းအပါအ၀င် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ရွာသား ၉ ဦး ဖေဖော်ဝါရီ ၅ ရက်နေ့ ၆ နာရီခွဲမှာ ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

အဖမ်းခံခဲ့ရပုံကို ပြန်လည်လွတ်မြောက်လာတဲ့ မသွဲ့သွဲ့ဝင်းက “ဘော်ရိုဇာက ကျမတို့ ရှေ့တင်ထိုးတယ်။ ကျမက ဘော်ရိုဇာပေါ် လိုက်ခိုစီးသွားတာ။ ခိုးစီးတော့ ဘော်ရိုဇာက ရပ်သွားတယ်။ ကျမရယ် မစိန်ရယ် ဘော်ရိုဇာရှေ့က ထိုင်နေတာ။ ထိုင်နေတဲ့အတွက် ရဲတွေက ကားပေါ်တက်ခိုင်းပြီး ဖမ်းတယ်လို့ ပြောတယ်။ ဖမ်းတယ်ဆိုရင် ဒီအတိုင်း မလိုက်နိုင်ဘူးဆိုတော့။ ရဲမေ ၂ ယောက်က ချိုင်းကနေမတာကို ခိုစီးပြီး လိုက်သွားတာ။ ကျမတို့ကို အချုပ်ကားပေါ်တင်တယ်။ ကျမတို့က ဘော်ရိုဇာရှေ့မှာ ရပ်လို့ဆိုပြီး ဖမ်းတာ။ ဒေါ်ခင်သောင်းကို ဘော်ရိုဇာအရှေ့မှာ ရပ်ပြီး ရယ်လို့ဆိုပြီး ဖမ်းတာ။ မရီချိုက တောင်းပန်လို့ဆိုပြီး ဖမ်းတာ။ မဆယ်တင်က ငိုလို့ဆိုပြီး ဖမ်းတာ။ ဖြူဖြူဝင်းကို သွပ်ဆူးကြိုးလိပ်တွေ လှိမ့်ချတာ။ ဖြူဖြူဝင်းက သူတယောက်တည်း အသေမခံနိုင်ဘူးဆိုပြီး သူနားက တရုတ်ကို ကျစ်ကျစ်ပါအောင် ဖက်ထားတာ။ ရဲတွေက ဖြူဖြူဝင်းကို တရုတ်နဲ့ အတင်းခွာပြီး အချုပ်ကားပေါ် တင်လိုက်တာ။ ညနေ ၆ နာရီ မိနစ် ၂၀ လောက်မှာ ကျမတို့ အသက်နဲ့ အဖေနာမည်မေးပြီး လွှတ်လိုက်တာ။ သူတို့နဲ့ ကျမတို့ ဆွေးနွေးခြင်း ညှိနှိုင်းခြင်း ဘာမှ မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီဘက်က သံဆူးကြိုးကာရန်တာကို ကန့်ကွက်မှုကြောင့် အဖမ်းခံခဲ့ရတဲ့ မသွဲ့သွဲ့ဝင်း အပါအ၀င် မဖြူဖြူဝင်း၊ ဒေါ်ခင်သောင်း၊ မစိန်၊ မရီချို၊ ဒေါ်ဆယ်တင်၊ ကိုမြင့်နိုင်ဝင်း သိုက်ထွန်းရွှေ၊ အောင်ကျော်စိုးဦးတို့ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013