DVB Logo
Home
မြန်မာသတင်း
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အစိုးရ ပံ့ပိုးမှုအားနည်း
DVB
·
February 6, 2014
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အစိုးရ ပံ့ပိုးမှုအားနည်း
Donate to DVB

ပြည်တွင်းမှာရှိတဲ့ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရက ကူညီထောက်ပံ့မှု ရှိပေမယ့် ထိရောက်မှုက အားနည်းနေတယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

[caption id="attachment_32551" align="alignright" width="300"]လှိုင်သာယာအထည်ချုပ်စက်ရုံက အထည်ချုပ်အလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာအထည်ချုပ်စက်ရုံက အထည်ချုပ်အလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ)[/caption]

အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးဆောင်ပါဝင်တဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီတရပ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့က စတင်ဖွဲ့စည်းပြီးတော့ ပံ့ပိုးမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီ ပံ့ပိုးမှုတွေကလည်း ဆွေးနွေးပွဲတွေနဲ့ပဲ အချိန်ကုန်ဆုံးခဲ့တာ ဖြစ်လို့ တကယ် လက်တွေ့မှာတော့ ပံ့ပိုးပေးနိုင်မှုက အားနည်းနေတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

အလားတူ အသေးစားနဲ့ အလတ်စားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အသေးစားနဲ့ အလတ်စားလုပ်ငန်းများ ဆိုင်ရာဥပဒေ ပေါ်ထွက်လာဖို့ လိုအပ်တဲ့အပြင် လိုအပ်ချက်တွေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပံ့ပိုးပေးဖို့ လိုပါတယ်လို့ ပြောပါတယ်။

လက်ရှိမှာဆိုရင် အသေးစားနဲ့ အလတ်စားလုပ်ငန်းများဆိုင်ရာဥပဒေကို ရေးဆွဲထားပြီး ဖြစ်တာကြောင့် ပြဌာန်းနိုင်ဖို့အတွက်လည်း လွှတ်တော်မှာ ဆွေးနွေးနေပြီ ဖြစ်လို့ မကြာမီ ထွက်ပေါ်လာဖို့ ရှိပါတယ်။

ဒီပြင် အာဆီယံ စီးပွားရေးအသိုက်အ၀န်း ဘုံသဘောတူညီချက်အရ အာဆီယံဒေသတွင်း နိုင်ငံတွေအကြားမှာ လွတ်လပ်တဲ့ဈေးကွက်တခုကို ၂၀၁၅ ခုနှစ်မှာ အကောင်အထည်ဖော်ရမှာ ဖြစ်လို့ ပြည်တွင်းက အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေအနေနဲ့ ယှဉ်ပြိုင်နိုင်မှု မရှိမှာကိုလည်း စိုးရိမ်ပူပန်မှုက ရှိနေတာ ဖြစ်ပါတယ်။

ဒါကတော့ ပြည်တွင်းအသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပက လုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်ဖို့က လုံလောက်တဲ့ ငွေကြေးအရင်းအနှီး မရှိတာ၊ နည်းပညာ လိုအပ်ချက်တွေ ရှိနေတာနဲ့ ဈေးကွက် ယှဉ်ပြိုင်နိုင်မှုစွမ်းအား မရှိတာတွေကြောင့် စိုးရိမ် နေကြတာ ဖြစ်ပေမယ့် ပြည်တွင်းက စားသုံးသူတွေအနေနဲ့ကတော့ ဈေးနှုန်းသက်သာစွာနဲ့ အရည်အသွေးရှိတဲ့ ကုန်ပစ္စည်းကို ၀ယ်ယူနိုင်မှာ ဖြစ်လို့ အားနည်းချက် ရှိသလို အားသာချက်လည်း ရှိပါတယ်လို့ ဦးဇော်မင်းဝင်းက ပြောပါတယ်။

ဒီနောက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က အာဆီယံစီးပွားရေးအသိုက်အ၀န်း (အေအီးစီ) သဘောတူညီချက်အရ ကုန်သွယ်မှုဆိုင်ရာအခွင့်အလမ်းတွေ များစွာရှိတာ ဖြစ်လို့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေအနေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အမျိုးအစားတူတဲ့ လုပ်ငန်းအချင်းချင်း ပေါင်းစည်းဖို့ လိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းအရေအတွက်က လုပ်ငန်းပေါင်း ၁ သိန်း ၂ သောင်း ၆ ထောင်ကျော်ရှိတယ်လို့ အစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါကလည်း မည်သည့်နိုင်ငံမှာမဆို အသေးစားနဲ့ အလတ်စားလုပ်ငန်းအရေအတွက်က စုစုပေါင်းလုပ်ငန်းအားလုံးရဲ့ ၁၀ ပုံ ၉ ပုံ ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကမောင်းနှင်တဲ့ နေရာမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013