DVB Logo
Home
မြန်မာသတင်း
အက်ဖ်ဒီအေက စားသောက်ကုန်များကို ပြန်လည်စစ်ဆေးသင့်
DVB
·
February 6, 2014
အက်ဖ်ဒီအေက စားသောက်ကုန်များကို ပြန်လည်စစ်ဆေးသင့်
Donate to DVB

ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) က စားသောက်ကုန်တွေကို စိစစ်ပြီး အရည်အသွေး ပြန်လည်စစ်ဆေးသင့်နေပြီး လို့ စားသုံးသူကာကွယ်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

fish-sauce-thailandစားသောက်ကုန် တင်သွင်းခွင့်နဲ့ ဖြန့်ဖြူးရောင်ချခွင့်တွေ ရရှိပြီးတဲ့နောက် လုပ်ငန်းရှင်အချို့က အရည်အသွေးနိမ့်တဲ့ ကုန်ပစ္စည်းတွေကို တင်သွင်းရောင်းချပြီး ထုတ်လုပ် ဖြန့်ဖြူးနေတာ တွေ့ရတယ်လို့ စားသုံးသူကာကွယ်ရေးအသင်း တာဝန်ရှိသူက ပြောလိုက်တာ ဖြစ်ပါတယ်။

အရည်အသွေးနိမ့်တဲ့ ကုန်ပစ္စည်းတွေ စားသုံးဖို့ မသင့်တဲ့ကုန်ပစ္စည်းတွေကို ဈေကွက်ထဲမှာ တွေ့လာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ပြန်ပြီး အရည်အသွေးတွေ စစ်ဆေးသင့်တယ်လို့ စားသုံးသူ ကာကွယ်ရေးအသင်းမှ ဦးဗအုပ်ခိုင်က ပြောပါတယ်။

“တချို့ မသမာတဲ့ လုပ်ငန်းရှင်တွေက FDA ပဲ ဖြစ်ဖြစ်၊ နမူနာပေးတဲ့အခါမှာ တကယ့် အရည်အချင်း ပြည့်တဲ့ ကုန်ပစ္စည်းကို နမူနာ တင်ပြီးတော့ ထောက်ခံချက်လက်မှတ်တွေ ရတာနဲ့ တပြိုင်နက် သူတို့က ဈေးကွက်ထဲကျတာ့ အရည်အသွေးမမီတာတွေ အန္တရာယ်ရှိတာတွေ ကျန်းမာရေးနဲ့ မညီညွှတ်တာတွေ အဲဒီလို ကုန်ပစ္စည်းတွေ ဖြန့်ကြတယ်။ ကိုယ့်အမြင်ကို ပြောရရင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ထောက်ခံချက်ပေးထားတဲ့ ကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းတွေကို ၃ လ တကြိမ် ၆ လ တကြိမ် ပြန်ပြီးတော့ စစ်ဆေးချက် လုပ်သင့်တယ်။ အခုနောက်ပိုင်းမှာ လုပ်ကိုလုပ်ရမယ့် သဘောရှိလာတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်မှာ ဈေးကွက်ထဲက ရွှေဆည်တော် ၉၉၉ ရောင်းဝယ်ရေးကုမ္ပဏီမှာ ထိုင်းဘာသာစကားနဲ့ ရေးသားထားပြီး အဖြူရောင်ဝတ် စားဖိုမှူးက ပုစွန်ကိုထမ်းထားတဲ့ပုံပါတဲ့ ထိုင်းနိုင်ငံထုတ် ငန်ပြာရည်ပုလင်းမှာ ငန်ပြာရည်အတုတွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဦးဗအုပ်ခိုင်က ဆက်ပြောခဲ့ပါတယ်။

ဈေးကွက်ထဲ အရည်အသွေး မပြည်မီတဲ့စားသောက်ကုန်တွေနဲ့ စားသုံးဖို့ မသင့်တဲ့ကုန်ပစ္စည်းတွေ ၀င်ရောက်နေကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းက စစ်ဆေးတွေ့ရှိနေသော်လည်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန(အက်ဖ်ဒီအေ)ကတော့ တနိုင်ငံလုံမှာရှိတဲ့ ကုန်ပစ္စည်းဝင်ပေါက်တွေနဲ့ ပြည်တွင်းထုတ်ကုန်တွေကို ပြည်နယ်နဲ့ တိုင်းအလိုက် စစ်ဆေးနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက စားသောက်ကုန်တွေမှာ အရောင်ဆိုးဆေးတွေ ဓာတ်မြေသြဇာတွေ ပါတယ်ဆိုတဲ့သတင်းကြောင့် နောက်ပိုင်းမှာ ပြည်ပက စားသောက်ကုန်စည်တွေ အမြောက် အမြား ၀င်လာခဲ့တာ ဖြစ်ပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013