DVB Logo
Home
မြန်မာသတင်း
ပီတိ CDM ထောက်ပံ့ရေးအဖွဲ့က CDM ဆရာ ဆရာမ ၁၉ ဦးကို ထောက်ပံ့ပေး
DVB
·
January 24, 2022
ပီတိ CDM ထောက်ပံ့ရေးအဖွဲ့က CDM ဆရာ ဆရာမ ၁၉ ဦးကို ထောက်ပံ့ပေး
Donate to DVB

ဘဏ်စာရင်း (Banking Account) တွေပိတ်ပင်တားဆီးခံနေရတဲ့ကြားက ပီတိ CDM ထောက်ပံ့ရေးအဖွဲ့က ဒီဇင်ဘာလမှာ CDM ဆရာ/ဆရာမ ၁၉ ယောက်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အဆိုပါအဖွဲ့က သိရပါတယ်။

ပီတိရဲ့ အဖွဲ့အစည်းအခွဲတစ်ခုဖြစ်တဲ့ ကြားကာလပညာသင်ကြားရေးကို ဖော်ဆောင်ပေးနေတဲ့ PiTi - Education ရဲ့ Summer School မှCDM ဆရာ/မ  ၁၉  ယောက်ကို ဒီဇင်ဘာလမှာ ကျပ်  ၈၆၇,၀၀၀  ထောက်ပံ့ပေးခဲ့တာပါ။

စစ်ကောင်စီက တော်လှန်ရေးအင်အားစုထောက်ပံ့မှုတွေကို Banking Account တွေ ပိတ်ပြီး တားဆီးမှုတွေ အဆက်မပြတ်လုပ်လာတာကြောင့် ပီတိအနေနဲ့ Funding အခက်အခဲတွေရှိလာခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ​

အခုလို အခက်အခဲ​တွေရှိ​နေတာ​ကြောင့် ပီတိအ‌နေနဲ့ အရင်က CDM ပညာရေး၀န်ထမ်း ရာဂဏန်းကို ထောက်ပံ့ပေးခဲ့ရာမှ အခုချိန်မှာတော့ ဆယ်ဂဏန်းအထိပဲ ကူညီနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပီတိအနေနဲ့ အခက်အခဲအမျိုးမျိုးတွေကြုံရပေမယ့်လည်း ပြည်သူ့ CDM ၀န်ထမ်းတွေကို ကူညီထောက်ပံ့မှုတွေ လုပ်နိုင်အောင် ကြိုးစားသွားမယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

​​ပီတိ CDM ထောက်ပံ့ရေးအဖွဲ့က စက်တင်ဘာလမှာ CDM ဆရာ ဆရာမ အယောက် ၁၀၀ အတွက် တစ်ယောက်ကို ကျပ် ၄၀,၀၀၀  စီထောက်ပံ့ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013