
ပြည်တွင်းကို ရောက်နေတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ အခွန်ကောက်ခံပြီး မှတ်ပုံတင်လုပ်ပေးမယ်လို့ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
အဖွဲ့ပေါင်းစုံ စုပေါင်းပြီး One Stop Services ပုံစံ လုပ်ပေးမှာ ဖြစ်ပြီး သတ်မှတ်ကာလ တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို အကောက်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ပေးရမယ်။ ကျန် မှတ်ပုံတင်နဲ့ အထွေထွေကုန်ကျစရိတ် ကျပ် ၂ သောင်းကျော်ကျသင့်မယ်ဆိုပြီး ဖော်ပြထားပါတယ်။
အစိုးရဟာ ပြည်တွင်းရောက်နေတဲ့ လိုင်စင်မဲ့ဆိုင်ကယ် ၃ သန်းနီးပါးကို ၈ ကြိမ် လိုင်စင် ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။











