DVB Logo
Home
မြန်မာသတင်း
နတ်တလင်းမြို့နယ်၌ တိုက်ပွဲဖြစ်
DVB
·
January 23, 2022
နတ်တလင်းမြို့နယ်၌ တိုက်ပွဲဖြစ်
Donate to DVB

ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Phoexin DF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Phoenix D F က ထုတ်ပြန်ပါတယ်။

နတ်တလင်းမြို့နယ် ရေကြည်ရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်တွေကို မနေ့ညနေပိုင်းမှာ Phoenix D F တပ်ဖွဲ့က ရှော့တိုက်ပြောင်းနဲ့ ပစ်ခတ်ရာမှ နှစ်ဘက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်ဆီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ Phoenix DF တပ်ဖွဲ့ဘက်က အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ရေကြည်ရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က ၂ ယောက်သေပြီးတော့ ၃ ယောက်ဒဏ်ရာ ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

နတ်တလင်းမြို့နယ်မှာ ဒေသခံ PDF တပ်ဖွဲ့ ၃ ဖွဲ့ရှိပြီးတော့ ပြီးခဲ့တဲ့နှစ်ကလည်း ပဲခူးရိုးမနားက တောင်ညိုမြို့သစ်ဘက်မှာလည်း PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013