DVB Logo
Home
မြန်မာသတင်း
ဘားအံ ဆွေးနွေးပွဲ ရွှေ့ဆိုင်း
DVB
·
February 5, 2014
ဘားအံ ဆွေးနွေးပွဲ ရွှေ့ဆိုင်း
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ရဲ့ ကရင်ပြည်နယ် ဘားအံမှာ ဆွေးနွေးမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တို့ရဲ့ ဘားအံမြို့တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၀ ၀န်းကျင်မှာ ကျင်းပမယ်လို့ ကြေညာထားတာပါ။

[caption id="attachment_50682" align="alignright" width="300"]အန်စီစီတီ လောခီးလာ ညီလာခံ ဇန်န၀ါရီ အန်စီစီတီ လောခီးလာ ညီလာခံ ဇန်န၀ါရီ[/caption]ဒါပေမယ့် သတ်မှတ်ချိန်အတိုင်း မကျင်းပဖြစ်ဘဲ မတ်လကျမှ တွေ့ဆုံနိုင်လိမ့်မယ်လို့ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်တီတီစီ) ရဲ့ ဒု-ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“ဒီ ဖေဖော်ဝါရီလအတွင်းမှာ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဘက်မှာ ပြင်ဆင်မှု မပြည့်စုံသေးဘူး။ မတ်လထဲမှာ ဖြစ်နိုင်မယ်လို့ ထင်တယ်။ ဒါက နှစ်ဖက်စလုံး ညှိရမယ့် ကိစ္စလေ။ တဖက်မှာ ရွှေ့တယ်ဆိုတာက ကျနော်တို့ အချိန်ကို နှောင့်နှေးတဲ့ သဘော မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ပြင်ဆင်မှု ပြည့်ပြည့်စုံစုံ ရှိမှ ဘားအံပွဲ ရောက်လာတဲ့ အချိန်မှာ ရှေ့မှာ ခြေတလှမ်းတိုးပြီးတော့ တကယ့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ဖို့အတွက် ပြင်ဆင်နေရတဲ့ အပိုင်းဖြစ်လို့ပါ။ ဒါကိုလည်း ပြည်သူလူထုက နားလည်မှု မလွဲစေဖို့ အသိပေးစေချင်တယ်။ အချိန်ဆွဲတာ မဟုတ်ဘူး။ ကျနော်တို့ ပြင်ဆင်မှု နှစ်ဖက်စလုံး ပြည့်စုံအောင် လုပ်ပြီးမှ ဘားအံ ဆွေးနွေးပွဲ လုပ်မယ်။ အဲဒီ ဘားအံ ဆွေးနွေးပွဲကိုလည်း တကယ့် ကျနော်တို့ မျှော်လင့်နေတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ပြီးတော့ တကယ်နိုင်ငံရေး ဆွေးနွေးဖို့ တက်လှမ်းနိုင်မယ့် အနေအထားတခု ရောက်အောင် ကြိုးစားနေတာပါ။ အဲဒါကို အသိပေးစေချင်ပါတယ်။”

ကရင်ပြည်နယ် ဘားအံခရိုင် ကေအန်ယူ ထိန်းချုပ်ရာနယ်မြေ လောခီးလာ (ခေါ်) လေးဝါးမှာ ဇန်န၀ါရီလ ၂၀ ရက်ကနေ ၂၅ ရက်နေ့ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ညီလာခံကျင်းပပြီး တစ်နိုင်ငံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် (မူကြမ်း)ကို ချမှတ်ခဲ့ပါတယ်။

ဒီမူကြမ်းကို လွန်ခဲ့တဲ့သတင်းပတ်က ၀န်ကြီး ဦးအောင်မင်းတို့နဲ့ ချင်းမိုင်မှာ အလွတ်သဘောတွေ့ကြစဉ်က လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘားအံဆွေးနွေးပွဲဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နှစ်ဘက်နောက်ဆုံးဆွေးနွေးပွဲ ဖြစ်တယ်လို့လည်း ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ ပထမအကြိမ်ညီလာခံကို ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာမှာ ကျင်းပခဲ့ရာပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ သဘောတူညီခဲ့ပါတယ်။

ဒီနောက် မြစ်ကြီးနားမှာ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့က ကိုယ်စားလှယ်တွေ တပ်ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံပွဲမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ နိုင်ငံရေးမူဘောင်ချမှတ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်စတင်ဖို့ သဘောတူညီခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013