DVB Logo
Home
မြန်မာသတင်း
မြန်မာ့တန်းမြင့် ဧည့်မထဆန် တန် ၆၀၀၀ ဂျပန်နိုင်ငံ တင်ပို့မည်
DVB
·
February 5, 2014
မြန်မာ့တန်းမြင့် ဧည့်မထဆန် တန် ၆၀၀၀ ဂျပန်နိုင်ငံ တင်ပို့မည်
Donate to DVB

ဂျပန် မစ်ဆူကုမ္ပဏီက စက်မှုကုန်ကြမ်းအတွက် မြန်မာ့တန်းမြင့် ဧည့်မထ ၅ မတ် ဆန် တန်ချိန် ၆ ထောင်ကို တင်သွင်းဖို့ ဂျပန်အစိုးရရဲ့ တင်ဒါကို ရရှိထားပြီး ဖြစ်တာကြောင့် လာမယ့် ဧပြီနဲ့ မေလတွေမှာ ၂ ကြိမ်ခွဲပြီး သင်္ဘောနဲ့ တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းက ပြောပါတယ်။

ဂျပန်နိုင်ငံက ဒုတိယအကြီးဆုံး ကုန်သွယ်ရေးလုပ်ငန်းစုဖြစ်တဲ့ မစ်ဆူကုမ္ပဏီက အဖျော်ယမကာနဲ့ ခရက်ကာ ထုတ်လုပ်ဖို့အတွက် ဂျပန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ပြုလုပ်တဲ့ တင်ဒါရွေးချယ်မှုမှာ မြန်မာ့တန်းမြင့်ဆန်ကို တင်သွင်းဖို့ တင်ဒါရရှိခဲ့တာ ဖြစ်ပါတယ်။

Riceဂျပန်နိုင်ငံအနေနဲ့ ပြည်တွင်းစားသုံးမှုအတွက် တင်သွင်းတာမျိုး မဟုတ်ဘဲ အဖျော်ယမကာ ထုတ်လုပ်ဖို့အတွက် ၀ယ်ယူတာ ဖြစ်တဲ့အပြင် ဂျပန်ဆာကေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း ဆာကေး ထုတ်လုပ်ဖို့အတွက် လာရောက်တွေ့ဆုံမှုတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် မြန်မာ့အိတ်စပို့စ်ဆန်ဈေးကွက်က လာမယ့်နှစ်တွေမှာ ဂျပန်နိုင်ငံဆီ ပိုမို တင်ပို့နိုင်မယ့် အလားအလာနဲ့ နီးစပ်မှု ရှိ၊ မရှိအပေါ် သူက အခုလို သုံးသပ်ပြောပါတယ်။

“ကျနော်တို့အမြင်တော့ သိပ်မများနိုင်ဘူးဗျ။ ဂျပန်စားတဲ့ဆန်နဲ့ ကျနော်တို့ဆန် သိပ်မတူဘူး။ သူတို့ဆန်က နည်းနည်းပိုစေးတယ်။ ကျနော်တို့ဆီက ၀ယ်တဲ့ဆန်က အဓိက စက်မှုကုန်ကြမ်းထည် သုံးတာပေါ့။ ကျနော်တို့နဲ့ အဓိက လာတွေ့တာက ဆန်အရက်ချက်တဲ့ စက်ရုံတွေ များတယ်။”

ဂျပန် မစ်ဆူကုမ္ပဏီအနေနဲ့ ဆန်တန်ချိန် ၆၀၀၀ ကို မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းဆီက တဆင့် ၀ယ်ယူ တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဧည့်မထ ၅ မတ်ဆန် ၁ တန်ကို ဘယ်ဈေးနဲ့ ရောင်းချသွားမယ် ဆိုတာကို ဆွေးနွေးနေတာ ဖြစ်လို့ ဈေးနှုန်းကို မပြောနိုင်သေးပေမယ့် လာမည့် ဧပြီလနဲ့ မေလမှာ ၁ လကို ဆန်တန်ချိန် ၃ ထောင်စီ တင်ပို့သွားဖို့ လျာထားတယ်လို့ ဒေါက်တာစိုးထွန်းက ဆက်လက် ပြောပါတယ်။

ပြည်ပနိုင်ငံတွေဆီ ဆန်တင်ပို့မှုက အခု ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ဧပြီလကနေ ဇန်န၀ါရီလအထိ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၉ သိန်း တင်ပို့ထားနိုင်ပေမယ့် ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ ယှဉ်ရင် တန်ချိန် ၅ သိန်း နီးပါး လျော့ကျမှု ရှိနေပါတယ်။

လျော့ကျရတဲ့အကြောင်းကို မြန်မာနိုင်ငံ ဆန်တင်ပို့ရောင်းချသူများအသင်းရဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဦးက “လက်ရှိကတော့ ဈေးကွက်အခြေအနေကြောင့်၊ ကမ္ဘာ့ဈေးကွက်ကလည်း နည်းနည်းကျနေတာနဲ့ ပြည်တွင်းဈေးက နည်းနည်းမြင့်နေတာကြောင့်ပါ။ ကမ္ဘာ့ဈေးက အခု ၂၅ မတ်ဆန် ၁ တန် ၃၂၀ လောက်ပဲ ရှိတယ်။ ပြည်တွင်းဆန်ဈေးနဲ့ တွက်ရင် ဆန်တင်ပို့သူတွေအတွက် လုံးဝ အကျိုးအမြတ်မရှိဘူး။ နောက် ပြည်တွင်း စပါးဈေးက ဒီလိုကာလတူမှာ ၃ သုံးခွဲလောက်ပဲရှိတယ်။ ဒီနှစ်က ၄ သိန်းရှိတယ်” လို့ ပြောပါတယ်။

ပြည်တွင်း ဆန်ဈေးကွက်မှာ ဆန်ဈေးနှုန်းတွေက အနည်းငယ် မြှင့်တက်မှု ရှိခဲ့ပြီး အရောင်းအ၀ယ်လည်း အေးနေတယ်လို့ ရန်ကုန်မြို့ ဘုရင့်နောင်ဆန်ပွဲရုံ ပိုင်ရှင်တဦးက ပြောပါတယ်။

“ရန်ကုန်ထဲက လက်လီသမားတွေကတော့ သိပ်အခြေအနေ မပြောင်းလဲဘူး။ နယ်သမားတွေကတော့ ဈေးတအားတက်သွားပြီဆိုရင် သူတို့က ရန်ကုန်ဆန် မဖြစ်မနေ သုံးတဲ့သူတွေက လွဲလို့ သူတို့နားက နယ်ဆန်တွေကို ပြန်သုံးကြတယ်။ နီးစပ်တဲ့နေရာတွေမှာပဲ သူတို့ ပြန်ဝယ်ကြတယ်။ ဈေးတအားတက်ရင် အရောင်းအ၀ယ်မကောင်းဘူး။”

ပြည်တွင်းဆန်ဈေးနှုန်းက ဆန်ကြမ်း ဧည့်မထ၂၅ မတ်ဆန် ၁ အိတ်ကို လက်ရှိကျပ် ၅၀၀ လောက် မြင့်တက်ခဲ့ပြီး ဆန်ချော ပေါ်ဆန်း ၁ အိတ်ကို ကျပ် ၅၀၀နဲ့ ၁၀၀၀ ကြား မြင့်တက် တယ်လို့ သိရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013