DVB Logo
Home
မြန်မာသတင်း
ဟိန္ဒူ ၃၀၀ ကျော် နေရပ်ပြန်နိုင်ရေး စိစစ်ပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကိုဆက်သွယ်
DVB
·
January 20, 2022
ဟိန္ဒူ ၃၀၀ ကျော် နေရပ်ပြန်နိုင်ရေး စိစစ်ပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကိုဆက်သွယ်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှ ၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဥ်ကြောင့် နေရပ် စွန့်ခွာသွားတဲ့ ဟိန္ဒူလူမျိုး ၃၀၀ ကျော်နေရပ်ပြန်လာနိုင်ရေးအတွက် မြန်မာဘက်မှာ သူတို့ အမှန်တကယ်နေထိုင်ခဲ့ခြင်း ရှိ မရှိစိစစ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးတာဝန်ရှိသူ အရာရှိ တစ်ဦးက "ဟိန္ဒူတွေစာရင်းကို ဘင်္ဂလားအစိုးရဘက်က ဒီဘက်ကို စာရင်းစစ်ခိုင်ထားတာ။ (လ.ဝ.က)ကစစ်ဆေးနေတယ်။ မြန်မာဘက်မှာ အမှန်တကယ်နေထိုင်ခဲ့ခြင်း ရှိ မရှိပေါ့ စစ်ဆေးခိုင်းထားတာ"လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဥ်တွေကြောင့် မောင်တောမြို့နယ်မြောက်ပိုင်းရှိ ဟိန္ဒူ​ကျေးရွာတွေက ဘင်္ဂလားဒေ့နိုင်ငံဘက်ကို နေရပ်စွန့်ခွါသူဦးရေ ၄၄၀ ရှိခဲ့​ပြီး လက်ရှိမှာ မွေးဖွားဦးရေ တိုးပွား နေတယ်လို့ ဟိန္ဒူအသိုင်းအဝိုင်းထံက သိရပါတယ်။

ဘင်္ဂလားဒေ့နိုင်ငံဘက်ကို ရောက်သွားတဲ့ ဟိန္ဒူအသိုင်းအဝန်းကို နေရပ်ပြန်ပို့ပေးဖို့ အန်အယ်လ်ဒီ အစိုးရလက်ထက်က ဘင်္ဂလားဒေ့အစိုးရကို အကြိမ်ကြိမ်ဆက်သွယ် တောင်းဆိုခဲ့ပေမဲ့ ပြန်ပို့ပေးတာ မရှိဘဲ အခုမှ ပြန်ပို့ပေးဖို့ ဆက်သွယ်လာတာဖြစ်ပါတယ်။ 

ဟိန္ဒူအသိုင်းအဝန်းက ​အမည်မဖော်လိုသူ တဦးက "သူတို့က ၂၀၁၇ ခုနှစ်ကတည်းက  ဘင်္ဂလားအစိုးရက မြန်မာနိုင်ငံပြန်ခွင့်တရားဝင်စာတင်ထားတာ ၃ ကြိမ်ရှိပြီ ဘင်္ဂလားအစိုးရက ဘာမှအကြောင်းပြန်တာမရှိဘူး။ အခုကျမှသူတို့ မြန်မာမှာ တရားဝင်နေထိုင်ခဲ့တာ ရှိမရှိစစ်ဆေးခိုင်းတာ " လို့ ပြောပါတယ်။

၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်တွေကြောင့်  မောင်တောမြောက်ပိုင်းရှိဟိန္ဒူကျေးရွာတွေဖြစ်တဲ့ ခမောင်းဆိပ်ကျေးရွာအုပ်စု ဖော်ကျကျေးရွာ၊ သစ်တုံးနားကျေးရွာအုပ်စု အိုးထိမ်းကျေးရွာ၊ ငါးခူ ရကျေးရွာ၊ ကြိမ်ချောင်းကျေးရွာတွေမှ ဟိန္ဒူလူမျိုး ၄၄၀ ဦး မိသားစု ၁၁၃ စု မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွါသွားခဲ့ရကြတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဥ်တွေကိုအ​ကြောင်းပြုပြီး စစ်တပ်က နယ်မြေရှင်းလင်းခဲ့တာကြောင့် မွတ်စလင် ခုနှစ်ငါးသိန်းကျော်နဲ့ ဟိန္ဒူ လူမျိုး ၄၀၀ ကျော် တဖက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013