DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဦးအုန်းမြင့် သစ်ရာကောက် ကျေးရွာသားများနှင့် ထပ်မံတွေ့ဆုံ
DVB
·
February 5, 2014
ဝန်ကြီးဦးအုန်းမြင့် သစ်ရာကောက် ကျေးရွာသားများနှင့် ထပ်မံတွေ့ဆုံ
Donate to DVB

နိုင်ငံရေးသမားတွေအပေါ် ရိုင်းရိုင်းပျပျပြောဆိုမှုနဲ့ ဝေဖန်ခံနေရတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ သူပြောဆိုခဲ့တဲ့ မကွေးတိုင်း သစ်ရာကောက်ကျေးရွာကို မနေ့ညနေက ထပ်မံသွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

[caption id="attachment_51101" align="alignleft" width="300"]ဦးအုန်းမြင့် ဒေသခံတွေကို ပြောကြားနေစဉ် ဦးအုန်းမြင့် ဒေသခံတွေကို ပြောကြားနေစဉ်[/caption]သစ်ရာကောက်ကျေးရွာသားတွေနဲ့ တွေဆုံစဉ်က “ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ” လို့ ပြောဆိုခဲ့ပြီး လူမှုပတ်ဝန်းကျင်မှာ ဝေဖန်ခံနေရတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ သူပြောဆိုခဲ့တဲ့ မကွေးတိုင်း သစ်ရာကောက်ကျေးရွာကို မနေ့ညနေက နောက်တကြိမ် သွားရောက်ခဲ့တာပါ။

ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့် ၀န်ကြီးလာတောင်းပန်မယ်ဆိုတဲ့သတင်းတွေကြောင့် မနေ့က သစ်ရာကောက်ကျေးရွာ အထကကျောင်းဝန်းထဲမှာ ဒေသခံ ၄၀၀ ကျော် လာရောက်တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီးက “ကျေးရွာမှာရှိတဲ့ အထောက်ကူပြု အဖွဲ့ဖြစ်ဖြစ်၊ မြို့နယ်မှာရှိတဲ့ အထောက်ကူအဖွဲ့ဖြစ်ဖြစ်၊ အဲ့တော့ ဒီအဖွဲ့တွေနဲ့ ပေါင်းစပ်စစ်ဆေးပြီး ဒီဟာက အရေးကြီးတယ်၊ ဘယ်ဟာကတော့ ချက်ချင်းလိုတယ်ဆိုတဲ့ လိုအပ်ချက်တွေကိုကြည့်ပြီး ကျေးရွာက လိုအပ်ချက်နဲ့ နိုင်ငံတော်က လုပ်ပေးနိုင်တဲ့ ကွာဟချက်ကို ညှိပြီး ဖန်တီးပေးနိုင်မှာ။ ရွာကလိုအပ်ချက်တွေထဲမှာ အရင်တုန်းက သမ၀ါယမရှိလား။ ဒါတွေကို သုံးသပ်ပြီးတော့ လုပ်ပေးတဲ့အခါမှာ စည်းစည်းလုံးလုံး တရွာနဲ့တရွာရှိဖို့လိုတယ်။ တရွာနဲ့တရွာ တည်ငြိမ်မှုမရရင် ဘယ်သူ့အတွက်မှ အကျိုးအမြတ်မရှိဘူး” လို့ ပြောပါတယ်။

ဝန်ကြီးလာပြီး တွေ့ဆုံခဲ့ပေမယ့် ပုံမှန်တွေ့ဆုံပွဲတခုသာဖြစ်ခဲ့တယ်လို့ ဒေသခံ အန်အယ်လ်ဒီအဖွဲ့ဝင် ဦးနေ၀င်းစိုးက အခုလိုပြောပါတယ်။

“ပုံမှန်ဟောပြောပွဲ လုပ်သလိုပါပဲ။ သမ၀ါယမ စနစ်အကြောင်း၊ မွေးမြူရေးအကြောင်းတို့ အဲဒါတွေပဲ ပြောသွားတယ်။ ကျန်တာကတော့ ထူးခြားတာ ဘာမှ မတွေ့ဘူး။”

ဝန်ကြီးပြောသွားတဲ့ စကားဟာ တနိုင်ငံလုံနဲ့ချီပြီး ပြောဆိုသွားတဲ့အတွက် တောင်းပန်ရင်လည်း ကျေနပ်လို့ မရဘူးကြောင်း သစ်ရာကောက်ကျေးရွာဒေသခံ ဦးကျော်သူက ပြောပါတယ်။

“ကျနော်တို့က ကျေနပ်လို့ မရဘူး။ မင်းတို့ သစ်ရာကောက်ကျေးရွာသားတွေကို ငါတို့က ဂရုမစိုက်ဘူး၊ ပါးရိုက်ပြီး ထောင်ထဲထည့်မယ်လို့ ပြောရင် ကျေနပ်လို့ရတယ်။ အခုဟာက တနိုင်ငံလုံးနဲ့ ယှဉ်ပြီးတော့ နိုင်ငံရေးသမားတွေကို မင်းတို့ ကြိုက်သလိုပြော၊ ငါက နယ်လှည့်ပါးရိုက်လာတာဖြစ်တဲ့အတွက် တောင်းပန်ရင် တနိုင်ငံလုံးကို တောင်းပန်ရမယ်။ ကျနော်တို့မှာ ကျေအေးပိုင်ခွင့်မရှိဘူး။ သူက ဘာလိုလဲ မေးတယ်လေ။ ကျနော်တို့လိုတာ ပြောတယ်။ မပေးနိုင်ဘူးဆိုရင်လည်း ၀န်ကြီးတယောက်အနေနဲ့ အေးအေးဆေးဆေးပဲ ကျနော်နဲ့ မဆိုင်ဘူး၊ ကျနော့်မှာ ပေးပိုင်ခွင့်မရှိဘူး၊ လုပ်ခွင့်မရှိဘူးဆိုပြီး ငြင်းလိုက်ရင် ရတာပဲ။ ကျနော်တို့တောင်းတာကလည်း ရေသန့်တဲ့ဟာကို တောင်းတာပါ။”

ဇန်န၀ါရီ ၂၈ ရက်နေ့က ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် မကွေးတိုင်း သစ်ရာကောက်ကျေးရွာကိုလာတဲ့အချိန် သုံးမရတဲ့ ရေကို သုံးလို့ရအောင် လုပ်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ပြီးနောက် ၀န်ကြီးပြန်ပြောလိုက်တဲ့ စကားကြောင့် ဒေသခံတွေ မကျေမနပ်ဖြစ်ခဲ့ရတာပါ။

တနင်္သာရီတိုင်း ပုလုံးတုံတုံးကျေးရွာနဲ့ မကွေးတိုင်း သစ်ရာကောက်ကျေး၇ွာ ၂ ခုမှာ ဒေသခံရွာသားတွေကို ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို အရေးယူဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက မနေ့ကလွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013