DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် မြနှင်းရည်လွင် ရွတ်ဆိုသည့် “မုန်တိုင်းထဲက အားမာန် သမိုင်းတွင်တဲ့ CDM”ကဗျာ(ရုပ်သံ)
DVB
·
January 20, 2022
သရုပ်ဆောင် မြနှင်းရည်လွင် ရွတ်ဆိုသည့် “မုန်တိုင်းထဲက အားမာန် သမိုင်းတွင်တဲ့ CDM”ကဗျာ(ရုပ်သံ)
Donate to DVB

“မုန်တိုင်းထဲက အားမာန် သမိုင်းတွင်တဲ့ CDM”အမည်ရတဲ့ ကဗျာတပုဒ်ကို ပြည်သူ့အချစ် တော် သရုပ်ဆောင်မင်းသမီး မြနှင်းရည်လွင်က ရွတ်ဆိုထားပါတယ်။

ဒီကဗျာကိုတော့ ကိုဘမောင်က ရေးသားထားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့်လူဝင်မှု​ကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့တာပါ။

ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီး မြနှင်းရည်လွင်ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ ရှေ့တန်းတနေရာကနေ ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်နေသလို သိပ်မကြာသေးခင်က အမျိုးသားညီညွတ်ရေးအစိုးရက ပြုလုပ်ခဲ့တဲ့ “ပညာဖြင့် တော်လှန် နွေဦးရဲ့အောင်လံ”လို့ အမည်ပေးထားတဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲမှာလည်း ကဗျာတပုဒ်ကို ရွတ်ဆိုခဲ့ပါသေးတယ်။

ခုတခါမှာလည်း သူရွတ်ဆိုထားတဲ့ “မုန်တိုင်းထဲက အားမာန် သမိုင်းတွင်တဲ့ CDM”လို့ အ မည်ပေးထားတဲ့ ဒီကဗျာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

“မုန်တိုင်းထဲက အားမာန် သမိုင်းတွင်တဲ့ CDM”

ခွေးဟောင်ရင်တောင် အိပ်မပျော်တဲ့ဘဝတွေ

ဘယ်နေ့အိမ်ရှေ့မှာ ရောက်လာမလဲဆိုတဲ့ အတွေးတွေ

ဘယ်နေ့ နှိပ်စက်ခံရမလဲဆိုတဲ့အတွေးတွေနဲ့

အိပ်ရေးပျက်နေကြတဲ့ ရဲဘော်တွေအား ငါလေးစားပါတယ်

ဟိုးအရှေ့ဘက်မျှော်ကြည့်ပြန်တော့ အိမ်လည်းမီးလောင် မိဘလည်း မီးကျွမ်း သါးသမီးလည်း အိမ်မပြန်နိုင်တဲ့ ကယားပြည်နယ်

လေယာဥ်ဒဏ် ဗုံးဒဏ်ကြားက ငိုသံတွေကြားနေရတာက ကရင်ပြည်နယ်

အနောက်ဘက်ကိုကြည့်ပြန်တော့ အရှင်လတ်လတ် မီးရှို့ခံလိုက်ရတဲ့ သွေးသားတွေ

မီးခိုးတစ်အူအူနဲ့ရွာတွေ

တူမီးကို ရန်ရှာနေတဲ့ လေယာဥ်ပျံတွေနဲ့ ချင်းပြည်နယ်

သမိုင်းလှတဲ့ စစ်ကိုင်း

သွေးမအေးတဲ့ မကွေးရယ်ပါ

ဟိုးမြောက်ပိုင်းကျတော့ မုန်တိုင်းဆန်သလို

စစ်ခွေးတွေလည်း လဲပြို

ဒေသခံတွေလည်း ငိုနေရ

သေမှာကိုဂရုမစိုက်ဘဲ တိုက်နေတဲ့ ကချင်တွေ

အလယ်ကိုကြည့်လိုက်ပါအုံး တစ်ဝုန်းဝုန်းနဲ့ မန္တလေး

အကြံမကုန်သေးတဲ့ ရန်ကုန်

အားမငယ်တဲ့ ထားဝယ်

မန်ဟုန်ပြင်းပြင်းနဲ့ တော်လှန်ရေး

ဒို့အရေးလည်း အော်နေဆဲပါ

ဘယ်သူမှ သွေးမအေးသလို

ဘယ်ပြည်သူမှ လက်မလျှော့သေးပါဘူးကွာ

တစ်ချိန်က CDM သူရဲကောင်း

အခုလည်း CDM သူရဲကောင်းပါ

ဂုဏ်ပြုတာတွေနဲသွားလို့လည်း စိတ်မပျက်နဲ့

ခက်ခဲတာတွေများလာလို့လည်း သွေးမပျက်နဲ့

တို့ထက်ခက်နေတဲ့ ပြည်သူတွေ

တို့ထက်ငတ်နေတဲ့ ပြည်သူတွေ

အသက်ဘေးကြောင့်ပြေးနေရတဲ့ ပြည်သူတွေ

အိမ်မရှိတော့တဲ့ အညတရ တွေ ကိုယ်စား

ပိုကြိုးစားပေးပါ

ရိုးသားမှုနဲ့အတူ အမှန်တရားဟာ ငါတို့နောက်က ထပ်ကြပ်မကွာလိုက်နေတဲ့ ရာဇဝင်ပါပဲ

စွန့်လွှတ်မှူနဲ့အတူ သိက္ခာတရားဟာ ငါတို့ကို အရောင်တင်ပေးမယ့် သမိုင်းပါပဲ

အမြဲပြောနေကြ စကားတစ်ခွန်းတော့ရှိရဲ့

ကိုယ့်သမိုင်းဆိုတာ ကိုယ်တိုင်ရေးရတာတဲ့

အာဏရှင်ရေးတဲ့သမိုင်းမှာ ငါတို့ဟါ သူပုန်ဖြစ်နေရင်တောင် ဂုဏ်ယူရမယ်လေ

သို့သော် ဒီတစ်ကြိမ်တော့ ငါတို့သမိုင်းကို ငါတို့ရေးမှာအမှန်

ပြည်သူ့အတွက် ရပ်တည်တဲ့ CDM

အနာဂတ်အတွက် ရပ်တည်တဲ့ CDM

အမှန်တရားအတွက် ရပ်တည်တဲ့ CDM

မုန်တိုင်းကြားကအားမန်နဲ့ သမိုင်းတွင်တဲ့ CDM ဖြစ်ဖို့

ရဲဘော်တို့ရေ တို့ဘဝ တို့ပိုင်တယ်ဆိုတာ ပြကြပါစို့

'''အရေးတော်ပုံအောင်ရမည်''

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013