DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတွင် ရဲနှင့်ဒေသခံ ပဋိပက္ခဖြစ်၊ ရွာသားအချို့ ဖမ်းဆီးခံရ
DVB
·
February 5, 2014
လက်ပံတောင်းတွင် ရဲနှင့်ဒေသခံ ပဋိပက္ခဖြစ်၊ ရွာသားအချို့ ဖမ်းဆီးခံရ
1 / 2
Donate to DVB

လက်ပံတောင်းတောင် ဒေသရှိ ၀က်မှေးကျေးရွာ အနောက်ဘက်မှာ ၀မ်ပေါင် ကုမ္ပဏီဘက်ကနေ ဒေသခံရွာသားတွေပိုင် လယ်မြေတွေပေါ်မှာ ခြံစည်းရိုး သွပ်ဆူးကြိုး ကာရံတဲ့အတွက် ရွာသားတွေ တားဆီးရာကနေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံရွာသားတွေ ပဋိပက္ခ ဖြစ်ပွားရာကနေ ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသရှိ ၀က်မှေးကျေးရွာမှာ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်နဲ့ ဒေသခံရွာသား ၃၀ ကျော်တို့ ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။

1798747_199988496875238_917028554_nဒီနေ့  မနက် ၁၁ နာရီကျော်က ပဋိပက္ခ ဖြစ်ပွားခဲ့တာဖြစ်ပြီး မသွဲ့သွဲ့ဝင်းနဲ့ ဒေသခံ ရွာသား အချို့ကို ခေါ်ဆောင်သွားတယ်လို့ ဆည်တည်းကျေးရွာနေ ကိုစိုးသူက အခုလို ပြောပါတယ်။

“ဒီမနက်မှာပဲ မသွဲ့သွဲ့ဝင်းတို့ အဖမ်းခံရတယ်ဆိုတာ သေချာတယ်။ မနေ့ကတုန်းကလည်း သူတို့သွားပြီးတော့ တားကြတယ်ခင်ဗျ။ သူတို့ ယာမြေတွေပေါ်မှာ ခြံစည်းရိုးခတ်ပြီး မတရား သိမ်းပိုက်တာတွေနဲ့ ပတ်သက်ပြီး ရပ်တန့်ပေးဖို့ သွားပြီး တောင်းဆိုကြတယ်။ မနေ့က အဆင်မပြေခဲ့ဘူး။ အဲဒါကို ဒီနေ့ထပ်ပြီး သွားတောင်းဆိုကြတာ မသွဲ့သွဲ့ဝင်းနဲ့ ၇ ယောက်အဖမ်းခံ လိုက်ရတယ်ခင်ဗျ။”

ပဋိပက္ခ စတင် ဖြစ်ပွားပုံကို ကံကုန်းရွာ ဒေသခံရွာသား ကိုတင့်အောင်စိုးက “ပြည်သူတွေ လက်မခံတာကို ဇွတ်လုပ်နေတယ်။ ရဲတွေက ရှေ့က ကာကွယ်ရေးလုပ်ပေးတယ်။  တရုတ်အလုပ်သမားတွေက နောက်က ခြံစည်းရိုးလိုက် ခတ်တယ်။ ဘက်ဖိုး(ဘော်ရိုဇာ) ထိုးထားတဲ့နေရာကို မသွဲ့သွဲ့ဝင်းတို့က ရှေ့ကတားတော့ သူတို့ကို ရဲက ဖမ်းသွားတယ်” လို့ ပြောပါတယ်။

အခုလို ဒေသခံ ရွာသားတွေ ဖမ်းဆီးခံမှုနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် ရဲစခန်းကို မေးမြန်းရာမှာ တာဝန်ကျရဲဝန်ထမ်းတဦးက အခုချိန်ထိ သူတို့ဆီ သတင်းမ၀င်လာသေးဘူးလို့ ပြန်လည်ဖြေကြားပါတယ်။

လက်ပံတောင်းတောင်ဒေသ ၀က်မှေးကျေးရွာနေ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မိစိန်၊ မရီချို၊ မဆယ်တင်နဲ့ ကိုမြင့်နိုင်ဝင်း ရွှေလှေကျေးရွာက သိုက်ထွန်းရွှေ တို့ကို ဖမ်းဆီးခေါ်ထားတယ်လို့ သိရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013