DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေစျေး ကျပ် ၁၉ သိန်းခန့်အထိ ပြန်လည်မြင့်တက်
DVB
·
January 20, 2022
ပြည်တွင်းရွှေစျေး ကျပ် ၁၉ သိန်းခန့်အထိ ပြန်လည်မြင့်တက်
Donate to DVB

ဒေါ်လာစျေး၊ကမ္ဘာရွှေစျေးတို့နဲ့အတူ ပြည်တွင်းရွှေစျေး လိုက်ပါမြင့်တက်ခဲ့ရာ ဒီနေ့ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းမှာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ကျပ်တစ်ဆယ့် ရှစ်သိန်း ရှစ်သောင်း လေးထောင်ထိ စျေးမြင့်တက်ခဲ့ပါတယ်။ 

အရင်က မြန်မာကျပ်ငွေကို မယုံကြည်လို့ ရွှေကိုအလုအယက်ဝယ်ယူ စုဆောင်းကြရာကနေ စျေးအဆမတန် မြင့်တက်ခဲ့တာဖြစ်ပေမဲ့ အခုအခါမှာတော့ ရွှေစျေးကွက်ထဲမှာအ ရောင်းအဝယ်ပါးနေပြီး  ဒေါ်လာစျေးအတက်ကြောင့်သာ ရွှေစျေးက လိုက်တက်ရတာ ဖြစ်တယ်လို့ ရွှေစျေးကွက်အတွင်းက စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ တတိယပတ်ကစပြီး အလှုပ်အခတ်များခဲ့တဲ့ ကမ္ဘာ့ရွှေဈေး ကလည်း ဒီနေ့ နံနက်ပိုင်းမှာ တစ်ထရိုင်အောင်စကို ၁၈၃၉ ဒေါ်လာထိ မြင့်တက်ခဲ့ပါတယ်။ 

ကမ္ဘာ့ရွှေ ၁ ထရိုင်အောင်စကို မနေ့ကအမေရိကန်ဒေါ်လာ ၁၈၁၂ဒေါ်လာ  သာရှိခဲ့တာဖြစ်ပြီး တစ်ရပ်အတွင်း ၁ ထရိုင်အောင်စ ကို ဒေါ်လာ၃၀ နီးပါးမြင့်တက်ခဲ့ပါတယ်။ 

ကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကလည်း  ဒီနေ့ ဇန်နဝါရီ ၂၀ ရက်မှာ ဘဏ်ပေါက်စျေး ၁၇၈၆ ကျပ်ဖြစ်ပေမဲ့  ပြင်ပစျေးကွက်မှာတော့ ကျပ်၁၉၇၀ ကနေ ၂၀၀၀ ကြား အရောင်းအဝယ် ဖြစ်နေတယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013