DVB Logo
Home
မြန်မာသတင်း
ထိုင်းထီ ပထမဆုပေါက်သည့် မြန်မာလုပ်သား ဇနီးမောင်နှံ NUG ငွေတိုက်စာချုပ်ဝယ်
DVB
·
January 19, 2022
ထိုင်းထီ ပထမဆုပေါက်သည့် မြန်မာလုပ်သား ဇနီးမောင်နှံ  NUG ငွေတိုက်စာချုပ်ဝယ်
Donate to DVB

ဇန်နဝါရီ ၁၇ ရက်က ထွက်သွားတဲ့ ထိုင်းအစိုးရထီ ပထမဆု ( ဘတ် ၆ သန်း ) ပေါက်ဂဏန်း ၈၈၀၁၅၉ ကို ထိုင်းနိုင်ငံ အနောက်ပိုင်း ဖစ်ချ်ပူရီခရိုင်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီး မောင်နှံ တစ်စုံကပေါက်လို့ ကံထူးရှင်ဖြစ်ခဲ့ပြီး NUG ငွေတိုက်စာချုပ် ဒေါ်လာ ၁၀၀၀ ဖိုး ဝယ်ယူလိုက်ပါတယ်။

ထီပေါက်တဲ့ ဇနီးမောင်နှံဟာ မြန်မာပြည် ပဲခူးတိုင်းရှိ ရွာတစ်ရွာကဖြစ်ပြီး  ဖစ်ချ်ပူရီမြို့ နောင်စွန်းရပ်ကွက် CalComp လျှပ်စစ်ပစ္စည်းစက်ရုံမှာအလုပ်လုပ်သူတွေဖြစ်ပါတယ်။

ထီပေါက်တယ်လို့ သိရှိရတဲ့နေ့ကတော့ အမျိုးသမီးမှာ ဝမ်းသာလုံးဆို့ပြီး မေ့လဲသွားတယ်လို့ သူတို့ကို ဆုငွေကူ ထုတ်ပေးခဲ့တဲ့ AAC အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခို င်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့က အဲဒီထီလက်မှတ်ကို စက်ရုံရှေ့မှာလာရောင်းတုန်းဝယ်ထားတာ၊ လက်မှတ်က ၂ စောင်ပဲ ကျန်တယ်တဲ့၊ ဖြစ်ချင်တော့ လက်ထဲမှာပိုက်ဆံ ၁၀၀ ပဲရှိလို့ တစ်စောင်ပဲ ဆုတ်ယူလိုက်တာ၊   ၁၇ ရက်နေ့လယ်ပိုင်း ထမင်းစားနားချိန်မှာ သူတို့ကထိုးထားတဲ့ထီကိုတိုက်ကြည့်တော့ ပထမဆုပေါက်တာသိရလို့ အမျိုးသမီးက ဝမ်းသာလုံးဆို့ပြီး မေ့လဲသွားတယ်တဲ့ခင်ဗျ။ အစကတော့ သူနေမကောင်းလို့လဲသွားတယ်လို့ ထင်နေကြတာ။ သူ့ယောကျ်ားက ထီပေါက်လို့ဝမ်းသာလုံးဆို့ သွားတာလို့ ပြောပြမှသိကြတယ်။ ပြီးတော့ ကျနော်တို့ဆီဖုံးဆက်တယ်၊ ကျနော်တို့လည်းသွားကြို လာပြီး ၁၈ ရက်နေ့မှာ ဆုငွေတွေ ကူထုတ်ပေးလိုက်ပါတယ်။

ထီပေါက်တဲ့ဇနီးမောင်နှံမှာ ယောက်ျားက ၃၂ နှစ်၊ မိန်းမက ၃၁ နှစ်ရွယ်ရှိပြီး အမ် အိုယူလက်မှတ်နဲ့ ထိုင်းမှာအလုပ်လာလုပ်နေတာ ၃ နှစ်ကျော်ပြီဖြစ်ကြောင်း ၊ ထီပေါက်ပြီးတဲ့နောက် မြန်မာပြည်ကိုအပြီးပြန်မယ်လို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ 

ထီပေါက်ငွေထဲက ဒေါ်လာ ၁၀၀၀ ကို NUG အမျိုးသားညီညွတ်ရေးအစိုးရ ရံပုံငွေအတွက် ငွေတိုက်စာချုပ်ဝယ်ပြီး  AAC အလုပ်သမားကူညီရေးအဖွဲ့ အထွေထွေအသုံးစရိတ်အတွက် ဘတ် ၅၀၀၀၀ ၊ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခိတဘဝနဲ့ AAC ဂေဟာမှာခိုလှုံနေသူ ၂၃ ဦးအတွက် ၁ ဦးလျှင် ဘတ် ၃၀၀ စီ မုန့်ဖိုးပေးသွားတယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေအရ သူတို့နာမည်နဲ့ နေရပ်အတိအကျကိုတော့ ဖော်ပြဖို့အဆင်မပြေကြောင်း ၊ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဘဏ်စနစ်ပြိုလဲနေလို့ ထီပေါက်တဲ့ငွေတွေ အိမ်ကိုပြန်လွှဲရတာအခက်အခဲများစွာရှိပြီး ဝန်ဆောင်မှုများစွာပေးရတာကြောင့် ထီပေါက်ငွေကို အပြည့်အဝမခံစားရဘူးလို့ ဦးခိုင်ကြီးက ပြောပါတယ်။ 

ဒီ ၂၀၂၂ နှစ်သစ်ထဲမှာ  AAC အနေနဲ့ ထိုင်းထီ ပထမဆုပေါက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးကို ဆုငွေထုတ်ပေးခဲ့ရပြီး ဇန်နဝါရီလ ၁ ရက်နေ့က ထီပေါက်သူမှာ ကရင်အမျိုးသား ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013