DVB Logo
Home
Lead Story
ရတနာပုံ တယ်လီပို့စ်က ဆင်းကတ် ရောင်းမည်
DVB
·
February 4, 2014
ရတနာပုံ တယ်လီပို့စ်က ဆင်းကတ် ရောင်းမည်
Donate to DVB

ရတနာပုံ တယ်လီပို့စ် အများပိုင်ကုမ္ပဏီဟာ လာမယ့် သြဂုတ်လက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေကို ချပေးသွားမယ်လို့ Call Center တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

CDMA sim cardလက်ရှိအချိန်မှာ ကွန်ရက်တည်ဆောက်ရေးအတွက် တင်ဒါခေါ်ထားတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို ရွေးချယ်နေတယ်လို့ ဒါရိုက်တာ အဖွဲ့ဝင် ဦးရှိန်းသူအောင် ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် စစ်တပ်ပိုင် မြ၀တီ သတင်းစာကလည်း ဖော်ပြပါတယ်။

မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချတဲ့အခါ ကျပ် ၁၅၀၀ နဲ့ ရောင်းပေးတာအပြင် ဖုန်းခေါ်ဆိုခနဲ့ SMS ပေးပို့တာတွေကို အကန့်အသတ်နဲ့ အခမဲ့ ပေးတာ၊ နောက်ပိုင်း ဆင်းကတ်တွေကို အလကား ဝေတာအထိ ၀န်ဆောင်မှု အမျိုးမျိုး လုပ်ပေးသွားမယ်လို့ သူက ဆိုပါတယ်။

အလားတူ အော်ပရေတာ လုပ်ကိုင်မယ့် မြန်မာ့ဆက်သွယ်ရေးကလည်း လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဆင်းကတ် ၅ သန်းလောက် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013