DVB Logo
Home
မြန်မာသတင်း
မအူပင်လွှတ်တော်အမတ် ဒေါ်အိအိပြုံး၏ ဖခင်အပါအဝင် ၄ ဦး ဖမ်းဆီးခံရ
DVB
·
January 18, 2022
မအူပင်လွှတ်တော်အမတ် ဒေါ်အိအိပြုံး၏ ဖခင်အပါအဝင်  ၄ ဦး ဖမ်းဆီးခံရ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးရဲ့ ဖခင်ဖြစ်သူအပါဝင် ဒေသခံ ပြည်သူ ၄ ယောက်ကို  စစ်ကောင်စီက ဇန်နဝါရီ ၁၆ ရက် ညပိုင်းက ဖမ်းဆီးသွားပါတယ်။ 

ဒေါ်အိအိပြုံးရဲ့နေအိမ်ကို ရဲနဲ့ စစ်ကောင်စီတပ်သားတွေက  ည ၁၀ နာရီကျော်လောက်မှာ ဝင်ရှာပြီး ဒေါ်အိအိပြုံးကို မတွေ့တာကြောင့် ဖခင်ဖြစ်သူကို ဖမ်းသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“အိမ်ကို လာရှာတာ။ ကား ၂ စီးနဲ့ ဆိုင်ကယ်တွေလည်းပါတယ်။ အားလုံးက အရပ်ဝတ်တွေနဲ့ မြို့မရဲစခန်းမှူးလည်းပါလာတယ်။ စာရွက်စာတမ်းတွေလည်း သယ်သွားတာတွေ့တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီညပိုင်းမှာပဲ မအူပင်မြို့က အပြစ်မဲ့ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အိအိပြုံးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီးနောက် မအူပင်မြို့မရဲစခန်းအချုပ်မှာထားရှိကာ စစ်ဆေးမေးမြန်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013