Home
မြန်မာသတင်း
ယင်းမာပင်တွင် စစ်​ကောင်စီတပ် ပစ်ခတ်မှု​ကြောင့် စစ်ရှောင်အမျိုးသမီး ၁ ဦး ကျည်ထိမှန်
DVB
·
January 18, 2022
Yin Mar Bin war victims

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်​ဘွေး​ရွာမ​ကျေးရွာအတွင်းကို စစ်​ကောင်စီတပ်ဖွဲ့ ထပ်မံတပ်စွဲ​နေတာကြောင့် ဘန့်​ဘွေး​ရွာမအပါအဝင် အခြား​ကျေးရွာနေ ပြည်သူတွေ အိုးအိမ်စွန့်ခွာ​ပြေး​နေရပြီး စစ်​ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှု​ကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သွားတယ်လို့ သိရပါတယ်။

ဘန့်​ဘွေးရွာမ​ကျေးရွာ၊ ထန်းဇင်​ကျေးရွာ၊ လက်ပန်​ကျေးရွာ၊ ကံစု​ကျေးရွာ၊ နဘူး​တော​ကျေးရွာ၊ ​ကွေ့​ချောင်း​ကျေးရွာ စတဲ့ ​ကျေးရွာဒေသခံတွေ ​ထွက်ပြေးနေကြရတာပါ။

ဇန်နဝါရီ ၁၈ ရက်မနက်ပိုင်းက စစ်​ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်ခြင်း​ကြောင့် ထွက်ပြေးနေတဲ့ ​အပြစ်မဲ့ပြည်သူ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ ကျည်ထိမှန်ခဲ့သူဟာ ကွေ့​ချောင်း​ကျေးရွာက ​ဒေါ်မနုဖြစ်ပြီး ​ပေါင် ၁ ချက်၊ ​ကျော ၁ ချက် ထိမှန်ခဲ့တယ်လို့ ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့တွေဟာ ဘန့်​ဘွေး​ကျေးရွာအတွင်းကို ဇန်နဝါရီ ၁၃ ရက်​ ည​နေပိုင်းက ဝင်​ရောက်ခဲ့တာဖြစ်ပြီး အဲဒီတပ်ဖွဲ့ဆီသွားတဲ့ စစ်​ကောင်စီယာဥ် ၃ စီးကိုလည်း ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက ​မြေ​ဖွေး​တောင်အနီးမှာ ​ဒေသခံ PDF အဖွဲ့​တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ​တွေ ရှိခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့တွေဟာ ဘန့်​ဘွေးရွာမဘက်ကို ၁၀ ကြိမ်ထက်မနည်း ဝင်​ရောက်တပ်စွဲခဲ့ပြီး တပ်စွဲ​နေထိုင်စဥ်အတွင်း ​ကျေးရွာအတွင်းက ပြည်သူ​တွေရဲ့ ပစ္စည်းတွေ ယူ​ဆောင်တာ၊ အိမ်​မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စား​သောက်တာနဲ့ အိမ်တွင်းပစ္စည်းတွေကို ဖျက်ဆီးထားခဲ့တာ​တွေလည်း ပြုလုပ်​လေ့ရှိတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024