DVB Logo
Home
မြန်မာသတင်း
စင်ကာပူ မြန်မာသံရုံးတွင် ပတ်စ်ပို့စာအုပ် တန်ဖိုး နှုန်းထားအသစ်သတ်မှတ်
DVB
·
February 4, 2014
စင်ကာပူ မြန်မာသံရုံးတွင် ပတ်စ်ပို့စာအုပ် တန်ဖိုး နှုန်းထားအသစ်သတ်မှတ်
Donate to DVB

စင်ကာပူနိုင်ငံမှာ တရားဝင် လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး ပတ်စ်ပို့စာအုပ် တန်ဖိုးကို နှုန်းထားအသစ်နဲ့ ကောက်ခံသွားမယ်လို့ စင်ကာပူ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။

Singapore 1 copyပတ်စ်ပို့စာအုပ်အသစ် ပြုလုပ်ရာမှာ စင်ကာပူဒေါ်လာ ၃၅ ဒေါ်လာနဲ့ ပြုလုပ်နိုင်ပြီး ပတ်စ်ပို့စာအုပ် ပျောက်ဆုံးပြီး အသစ် ပြန်လည် ပြုလုပ်ရာမှာ ဒဏ်ကြေးငွေ စင်ကာပူဒေါ်လာ ၁၀၅ ဒေါ်လာနဲ့ စာအုပ်အသစ် ပြုလုပ်ခ စင်ကာပူဒေါ်လာ ၃၅ ဒေါ်လာ စုစုပေါင်း စင်ကာပူ ဒေါ်လာ ၁၄၀ ဒေါ်လာ ကောက်ခံမယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါသည်။

မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတဦးက ဒီနှုန်းထားဟာ အရင်ကထက် အများကြီး သက်သာသွားလို့ အောက်ခြေလုပ်သားတွေအတွက် အဆင်ပြေတယ်လို့ ပြောပါတယ်။

“ဒီ ထုတ်ပြန်ချက်ကို ကျနော်တို့ ကြိုဆိုပါတယ်။ အောက်ခြေအလုပ်သမားတွေအတွက် အတော်အဆင်ပြေတယ်။ Work Permit နဲ့ လုပ်တဲ့ အလုပ်သမားတွေက လစာနည်းတယ်။ အရင်က စာအုပ်လုပ်ရင် ၁၅၀ ပေးရတယ်။ ရက်လွန်ကြေးတို့ ဘာတို့ ပါမယ်ဆိုရင် လစာရဲ့ တ၀က်လောက် ကုန်တယ်။ အခွန်တွေ ဘာတွေပါ သွင်းရတာ။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အခွန်မကောက်တော့ မလိုတော့ဘူး။ အခုလို နှုန်းထားနဲ့ သတ်မှတ် ပြင်ဆင်လိုက်တော့ အရမ်းကောင်းတယ်။”

စင်ကာပူနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမား ၃ သိန်းကျော်လောက် ရှိပြီး အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ ဘူမိတွေ၊ စာရင်းကိုင်သမားတွေ၊ အိုင်တီတွေ၊ အောက်ခြေအလုပ်သမားတွေ ဖြစ်တဲ့ သင်္ဘောကျင်း အလုပ်သမားတွေ၊ အိမ်ဖော် စတဲ့အလုပ်တွေ လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013