DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မှာ သက်ငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်ပွား
DVB
·
February 4, 2014
ရန်ကုန်မှာ သက်ငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်ပွား
Donate to DVB
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၁၃ ရပ်ကွက်  ပုဂ္ဂလိကလိုင်းခန်းတခုမှာ  ဇန်နဝါရီ ၂၃ ရက်နေ့က အသက် ၇ နှစ် အရွယ် မိန်းကလေးတဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရပါတယ်။ [caption id="attachment_51200" align="alignright" width="300"]ကျူးလွန်မှု ဖြစ်ပွားခဲ့တဲ့ နေအိမ် ကျူးလွန်မှု ဖြစ်ပွားခဲ့တဲ့ နေအိမ်[/caption]

မိဘတွေ နေအိမ်မှာ မရှိတဲ့အချိန် ည ၁ဝ နာရီ လောက်မှာ  အသက်၃၈ နှစ်အရွယ် ဦးလေး တဝမ်းကွဲတော်စပ်သူက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့အကြောင်း ကလေးငယ်က ပြန်လည်ပြောပြတာလို့ မိခင်ဖြစ်သူက ပြောပါတယ်။

“အမေရယ်တဲ့၊ ဘဘက ဖေကြီးတို့ အပြင်သွားတုန်း သူကို ဘောင်းဘီကို ချွတ်ပြီးတော့ လက်နဲ့ ---- ပြီးပေါ့နော်။ သူကို ---- တယ်တဲ့။ နင်ပြန်မပြောနဲ့တဲ့ နင် ပြန်ပြောရင် နင့်ကို ငါ ရိုက်သတ်မယ်လို့ ပြောတယ်တဲ့” လို့ ပြောပါတယ်။

အခင်းဖြစ်ပြီး ၄ ရက်မြောက်နေ့မှာ ကလေးငယ်က သူကြုံတွေခဲ့ရတာတွေကို မိဘတွေကို ဖွင့်ပြောပြခဲ့ပေမယ့် သက်ဆိုင်ရာကို မတိုင်ကြား ဖြစ်ခဲ့ကြောင်း ပြောပါတယ်။

ကလေးမိခင်ဖြစ်သူက “ကိုယ်က ဒီဘက်ကို ရောက်တာ သိပ်မကြာသေးဘူး။ ဘယ်သူကို ပြောလို့ ပြောရမှန်းလည်း မသိဘူး။ နောက် ရှက်လို့ ဘယ်သူကိုမှ မပြောတာ၊ မဟုတ်ဘဲနဲ့ ဟုတ်တယ်လို့ လုပ်ကြံ ပြောတယ်လို့ အပြောခံရမှာဆိုးလို့ ဘာမှ မလုပ်တာ” လို့ ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မိဘတွေ အလုပ်သွားတဲ့အချိန်မှာ ကလေးငယ်ကို တခြား ရပ်ကွက်က အိမ်တခုမှာ အပ်နှံထားခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့  ရပ်ကွက် ပြည်သူလူထုနဲ့ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး အဲဒီကလေးငယ်အတွက် ရဲစခန်းမှာ အမှု ဖွင့်နိုင်ခဲ့ပါတယ်။

    ရွှေပြည်သာမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ရဲ့ ဥက္ကဋ္ဌက “ကျမတို့ အဖွဲ့ဝင်တယောက်က လာပြောတယ်။ သူတို့အိမ်နားမှာ ကလေးတယောက် ရောက်နေတဲ့ အဲဒီအိမ်က လာပြောတယ်။ ဒီကလေးကပေါ့နော်။  အမေက အိမ်မှာ မထားရဲလို့ သူအိမ်မှာ လာထားတယ်တဲ့။ လာထားတော့ သူကို ကျူးလွန်တဲ့သူက ကလေးကို လာလာခေါ်နေတယ်တဲ့။ အဲ့ဒါကြောင့် ကလေးက သစ်တုံးကြားမှာ ပုန်းပုန်းနေတယ်တဲ့။ ကလေးက အဲ့အဆင့်မှာ ရှိနေတယ်ပေါ့။”လို့ ပြောပါတယ်။

လက်ရှိမှာတော့   မှုခင်းဆေးစစ်ချက်ကို စောင့်ဆိုင်းရယူနေပြီးတော့ ကျူးလွန်သူလို့ စွပ်စွဲ ခံရသူက မုဒိမ်းမှု၊ မုဒိမ်းကျင့်ရန် ကြံစည်မှုတို့နဲ့ ရွှေပြည်သာမြို့နယ် မြို့မရဲစခန်းကနေ  အမှုဖွင့်ပြီး ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေပါတယ်။

ကျူးလွန်ခံခဲ့ရတဲ့ ကလေးငယ်ကိုတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးဌာနတခုမှာ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

၂ဝ၁၂ - ၂ဝ၁၃ ခုနှစ်စာရင်းများအရ  ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ   အသက်မပြည့် သေးတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ၈၈ မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013