DVB Logo
Home
မြန်မာသတင်း
သင်္ကန်းကျွန်းတွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ စတင်ခွဲဝေသုံးစွဲ
DVB
·
February 3, 2014
သင်္ကန်းကျွန်းတွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ စတင်ခွဲဝေသုံးစွဲ
Donate to DVB

လွှတ်တော်အမတ်တွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်တွေအလိုက်  သုံးစွဲဖို့ ချပေးထားတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်း ၁၀၀၀ စီကို ရန်ကုန်တိုင်းဒေသကြီး သင်္ကန်း ကျွန်းမြို့နယ်မှာ ဒေသခံ ပြည်သူတွေရဲ့ လိုအပ်ချက်အရ  စတင် ခွဲဝေပေးနေပါတယ်။

Thingan Kyuu copyရပ်ရွာလိုအပ်ချက်တွေကို အကောင်အ ထည်ဖော် ဆောင်ရွက်နိုင်အောင် သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့် ခေါင်းဆောင်တဲ့  အမျိုးသားဒီမိုက ရေစီပါတီသစ် ဌာနချုပ်မှာ သက်ဆိုင်ရာရပ်ကွက်တွေက ဖွံ့ဖြိုးရေးအထောက်အကူအဖွဲ့က  တာဝန်ရှိသူတွေကတဆင့် ရန်ပုံငွေတွေ ခွဲဝေပေးနေတာပါ။

ပြည်ထောင်စုလွှတ်တော်ရဲ့ ညွှန်ကြားချက်နဲ့အညီ မြို့နယ်အတွင်း ၃၈ ရပ်ကွက် ရှိတဲ့အနက် အကူအညီ အလိုအပ်ဆုံး ၃၄ ရပ်ကွက်က  ဒေသခံပြည်သူတွေအတွက် အကျိုးရှိမယ့်  လုပ်ငန်းပေါင်း ၆၆ ခုအတွက်  ဦးစားပေးပြီး ရန်ပုံငွေတွေကို ခွဲဝေပေးနေတာလို့ ပါတီရဲ့ အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ပြောပါတယ်။

သင်္ကန်းကျွန်းမြို့နယ်အတွင်းက ဖွံ့ဖြိုးရေးအတွက် မလိုအပ်တဲ့ သုဝဏ္ဏ ၂၃၊ ဗိုလ်ချုပ်ရွာ၊ ဘဏ်ရိပ်သာရပ်ကွက်၊ မိကျောင်းကန် ၁ နဲ့ မိကျောင်းကန် ၃ ရပ်ကွက်တွေကတော့ ရန်ပုံငွေတွေ  ခွဲဝေပေးမယ့် အစီအစဉ်မပါဝင်ဘူး။

လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရလာတဲ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ စီကို အစိုးရ စီမံကိန်းတွေမှာ မပါဝင်တဲ့ ရပ်ရွာအတွင်း  လိုအပ်ချက်တွေ ဖြစ်တဲ့  သောက်သုံးရေရရှိရေး၊ စာသင်ကျောင်း၊ ဆေးရုံး၊ ဆေးခန်းနဲ့ ကျေးလက်ဒေသ လမ်းတံတားပြုပြင်ရေးစတဲ့ လုပ်ငန်းတွေမှာ သုံးစွဲရမှာပါ။

သင်္ကန်းကျွန်းမြို့နယ်နဲ့ ဃ ရပ်ကွက်က ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ကတော့ ရန်ပုံငွေတွေနဲ့ ရပ်ကွက်အတွင်း ဆောင်ရွက်မယ့်လုပ်ငန်းတွေကို အခုလို ပြောပါတယ်။

“သိန်း ၁၀၀၀ ရတဲ့အထဲက ကျနော်ရပ်ကွက်က ၄၃ သိန်းကျော် ရပါတယ်။ ကျနော်တို့ လုပ်ရမယ့်လုပ်ငန်းက ရပ်ကွက်မှာရှိတဲ့ ချောင်းကူးတံတားတခု လုပ်ရမယ်။ လျှပ်စစ်မီးကြိုး သွယ်ရမယ်။ အများသုံး ၈ ခန်းတွဲ အိမ်သာတခု ဆောက်ရမယ်။ နောက် ကျနော်တို့ လိုအပ်တဲ့ လုပ်ငန်းလေးတွေ ရှိပါတယ်။ ကျောင်းရှေ့မှာ ရေမြောင်းလေးလုပ်ဖို့ကိစ္စ၊ ကလေးတွေ ကစားဖို့ ဘောလုံးကွင်းကိစ္စ အဲဒါတွေတော့ ပါမလာပါဘူး။ အရေးကြီးတာတွေပဲ ထည့်ပေးလိုက်တယ်။ နိုင်ငံတော်က ထောက်ပံ့တဲ့ အနေအထားအရ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ဆန္ဒကတော့ မပြည့်ဝဘူးပေါ့။”

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ အတွင်းရေးမှူး ဦးကျော်ကလည်း  ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တွေက  အများအပြားရှိနေပေမယ့် ရတဲ့ငွေနဲ့ အကောင်းဆုံး အကျိုးရှိအောင်နဲ့ အလဟဿ ဆုံးရှုံးမှုမရှိရလေအောင် စောင့်ကြပ်စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

“တကယ်တော့ လူထုက အမှန် လိုအပ်နေတာပါ။ လိုအပ်နေသော်လည်း တခါတလေကျရင် ဒီရတာလေးနဲ့ ကျနော်တို့က ရသလောက်လူထုအတွက် အကျိုးပြုအောင် လုပ်ပေးရတာပါ။ တကယ်ဆိုလို့ရှိရင် ငွေကြေး ဒီထက်မက လိုအပ်ပါတယ်။ လူထု တကယ်လိုအပ်ချက်တွေက။ ကျနော်တို့ကတော့ ညွှန်ကြားချက်နဲ့အညီ ကြီးကြပ်ရမယ်။ လူထုနဲ့ ထိတွေ့ရမယ်။ ဆွေးနွေးမယ်။ သူတို့ကိုလည်း လမ်းညွှန်မှုပေးရမယ်၊ ပြီးစလွယ် မလုပ်နိုင်ဘူးလေ။”

 လွှတ်တော်အမတ်တွေဟာ ခွင့်ပြုရရှိထားတဲ့ ငွေကျပ်သိန်း ၁၀၀၀ ကို သက်ဆိုင်ရာမြို့နယ်က တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အမတ်တွေ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ  ဥပဒေကြမ်းကို အတည် ပြုနိုင်ခြင်း မရှိသေးပေးမယ့်  ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနဲ့  သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကိုတော့  ပြီးခဲ့တဲ့နှစ်  နိုဝင်ဘာလကကတည်းက  ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ပေးပြီး ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013