DVB Logo
Home
မြန်မာသတင်း
၁၉၈၂ နိုင်ငံသားဥပဒေ အကောင်အထည်ဖော်ပေးရန် စစ်တွေတွင် ဆန္ဒပြ
DVB
·
February 3, 2014
၁၉၈၂ နိုင်ငံသားဥပဒေ အကောင်အထည်ဖော်ပေးရန် စစ်တွေတွင် ဆန္ဒပြ
Donate to DVB

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ပေးရေးအတွက် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆန္ဒပြပွဲတရပ် ကျင်းပ တောင်းဆိုခဲ့ကြပါတယ်။

[caption id="attachment_51189" align="alignleft" width="300"]ဓာတ်ပုံ - စစ်တွေမြို့ရဲ့သတင်းများ ဖေ့စ်ဘွတ်ခ် ဓာတ်ပုံ - စစ်တွေမြို့ရဲ့သတင်းများ ဖေ့စ်ဘွတ်ခ်[/caption]

ဖေဖော်ဝါရီ ၃ ရက် ဒီနေ့လည် ၁ နာရီလောက်က စစ်တွေမြို့မှာ ရဟန်းသံယာတွေ အပါအ၀င် အင်အား ၃ ထောင် လောက် ပါဝင်တဲ့ ရခိုင်လူထု ဆန္ဒပြခဲ့ကြပါတယ်။

သူတို့ဟာ ဒေသခံပြည်သူများ လုံခြုံဖို့ အစီအမံများမြှင့်တင်ရေး ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ချက်ချင်း အကောင်အထည်ဖော်ရေး ၂၀၁၅ ရွေးကောက်ပွဲတွင် အဖြူရောင်ကတ် (White Card) ကိုင်ဆောင်သူများ မဲပေးပိုင်ခွင့်ပယ်ဖျက်ရေး စတဲ့ ကြွေးကျော်ချက်တွေ ပါဝင်တဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး  ဦးဥတ္တမပန်းခြံကနေ စတင်ပြီး ၀င်္ကပါကွင်းကို ဦးတည် ထွက်ခွာဆန္ဒပြခဲ့ကြတာပါ။

ခွင့်ပြုချက် တောင်းခံပြီး ရခိုင်လူမှုကွန်ရက်က ဦးစီး ဆန္ဒပြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ လိုက်ပါ သတင်းယူနေတဲ့ သတင်းထောက် ဖိုးသီဟက ဆန္ဒပြပွဲကို ရခိုင်ပြည်နယ်အတွင်းက တခြားဒေသတွေမှာပါ တပြိုင်တည်းလုပ်ဖို့ စီစဉ်ထားကြတာလို့ ခုလို ပြောပါတယ်။

ဒေသခံတွေရဲ့ လုံခြုံရေး တာဝန်ယူနေတဲ့ လုံခြုံရေးဝန်ထမ်းတွေကို ခေတ်မီ လက်နက်တွေ တပ်ဆင်ပေးပြီး အရေးပေါ်အခြေအနေမှာ အထက်အမိန့် စောင့်နေစရာမလိုပဲ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အရ ပစ်မိန့်ပေးထားဖို့ကိုလည်း တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေက ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ လူမှုကူညီရေးအဖွဲ့အစည်းတွေဟာ ဘက်လိုက်မှုတွေ ရှိတဲ့အတွက် ၇ ရက်အတွင်း ထွက်ခွာသွားဖို့ ကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆန္ဒထုတ်ဖော်တာတွေကို ရခိုင်ဒေသအတွင်းက မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ မောင်တောမှာလည်း ဆက်လက်လုပ်ဆောင်သွားကြမယ်လို့ သိရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013