DVB Logo
Home
မြန်မာသတင်း
သံလွင်ရေကာတာစီမံကိန်းများ ရပ်တန့်ရေး ဆန္ဒဖော်ထုတ်မည်
DVB
·
February 3, 2014
သံလွင်ရေကာတာစီမံကိန်းများ ရပ်တန့်ရေး ဆန္ဒဖော်ထုတ်မည်
Donate to DVB

သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေ ရပ်တန့်ရေး လူထုဆန္ဒကောက်ခံပြီး ဆန္ဒထုတ်ဖော်သွားမယ်လို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ သတင်း စာရှင်းလင်းပွဲပြုလုပ် ပြောဆိုလိုက်ပါတယ်။

unnamedသံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်းဟာ လူထုအတွက် အကျိုး မရှိနိုင်သလို အေးချမ်းမှုကို ပိုပြီး ပျက်ပြားစေနိုင်တဲ့အတွက် လူထုဆန္ဒကောက်ခံပြီး ကန့်ကွက်ဆန္ဒပြသွားမယ်လို့  ကရင်မြစ်ချောင်း များ စောင့်ကြည့်ရေးအဖွဲ့ဝင် စောသာဘိုးက  ပြောပါတယ်။

“ဘာကြောင့် ကန့်ကွက်တာလဲဆိုတော့ နံပါတ် ၁ က ရေကာတာ ၆ ခုလုံးက တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတယ်။ ပြီးတော့ အဲဒီနယ်မြေတွေကလည်း မအေးချမ်းသေးဘူး။ ပိုပြီး ငြိမ်းချမ်းမှုကို ပျက်ပြားစေနိုင်တယ်။  ပြီးတော့ ရင်နှီးမြှုပ်နှံမှုပေါင်း ထွက်မယ့် မဂ္ဂ၀ပ် ၁၅,၀၀၀ လောက်ရှိတယ်။ အဲဒီ မဂ္ဂ၀ပ် ၉၀ ရာခိုင်နှုန်းက ထိုင်းနဲ့တရုတ်ကို ရောင်းမှာ၊ ၁၀ ရာခိုင်နှုန်း မဂ္ဂ၀ပ် ၁,၅၀၀ ပဲ မြန်မာက ပြန်ရမှာ။ ဒါက မြန်မာပြည်သူပြည်သားတွေအတွက်လည်း အကျိုးအမြတ်မရှိဘူး။ ဒါ့ကြောင့် လူထုသိအောင် လက်မှတ်ထိုးပြီး ဆန္ဒထုတ်ထော်မယ်။  ရတဲ့လက်မှတ်တွေကို စုဆောင်းမယ်။ စုဆောင်းပြီး မတ်လ ၁၄ ရက်နေ့ကစပြီး ကျနော်တို့ ထုတ်ပြန်ကြေညာမယ်။ ဒီထုတ်ပြန်မှုကို မြန်မာ၊ ထိုင်းနဲ့ တရုတ်အစိုးရ နဲ့ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီဆီပေးပို့သွားမယ်။ ”

 ဒါ့အပြင် လက်ရှိ ရေကာတာ မတည်ဆောက်ခင်မှာလည်း တပ်တွေ ချထားတာတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပြီး စစ်ပြေးဒုက္ခသည် သိန်းချီ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့  ပြောပါတယ်။

“သံလွင်ရဲ့ မြစ်ကြောင်းတလျှောက်မှာ တိုင်းရင်းသား လူမျိုးနွယ်စု ၁၃ စုလောက်ရှိတယ်။ ဥပမာ ကယားပြည်နယ်က ယင်းတလဲ လူမျိုးဆိုရင် လူပေါင်း ၁၀၀၀ လောက်ပဲရှိတော့တယ်။ အခုရေကာတာဆောက်လို့ ဒီလူတွေ ရွှေ့ပြောင်းရတဲ့အခါမှာ ဒီလူမျိုးစုတွေရဲ့ နေထိုင်မှုက ကမ္ဘာမှာ ပျောက်ကွယ်သွားမယ့် အနေအထားရှိတယ်။ နောက်တခုက ဒီမှာရှိတဲ့ ငါးမျိုးတွေ၊ သက်ရှိ ဇီဝမျိုးစေ့တွေ တကယ်ကို ပျောက်ဆုံးပျက်စီးသွားမှာ။ အခုလည်း ရေကာတာ မဆောက်ခင်မှာ ရှမ်းပြည်နယ်ဘက်မှာဆိုရင် ရေကာတာဆောင်နိုင်ဖို့ လုံခြုံရေးယူပြီး တိုက်ပွဲဖြစ်ကြတယ်လေ။ တိုက်ပွဲဖြစ်တဲ့အခါ ဒုက္ခသည်ပေါင်း ၃ သိန်းလောက်ရှိတယ်။ ကျနော်တို့ ကရင်ပြည်နယ်ဘက်မှာဆိုရင် ၄၀၀၀ လောက်က ရေကာတာနဲ့ပတ်သက်ပြီးတော့ ထွက်ပြေးနေရတယ်။ ”

အစိုးရအနေနဲ့ သံလွင်မြစ်ပေါ်  ရေကာတာ ၆ ခု တည်ဆောက်မယ်လို့ ပြီးခဲ့တဲ့နှစ်က ကြေညာထားခဲ့ပါတယ်။

အဲဒီ ရေကာတာတွေကတော့ ရှမ်းပြည်နယ်အတွင်းမှာ ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာနဲ့ တာဆန်း(ဝါ)မိုင်းတုန်ရေကာတာ၊ ကယားပြည် နယ်မှာဆိုရင်   ရွာသစ်ရေကာတာနဲ့ ကရင်ပြည်နယ်မှာ  ဟတ်ကြီးရေကာတာတို့ ဖြစ်ပါတယ်။

ဒီ ရေကာတာစီမံကိန်းတွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကိုသာ ရောင်းချမှာ ဖြစ်သလို မြန်မာနိုင်ငံအတွက် အကျိုးမရှိတဲ့အပြင် သဘာဝပတ်ဝန်ကျင် ပျက်စီးတာနဲ့ လူမျိုးပျက်တုံးမှာ တွေကြောင့်လည်း ဒီစီမံကိန်း ရပ်တန့်စေချင်တာလို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013